ဖက်ရှင်ကျတဲ့ ပုရိသတိုင်း လက်ကောက်ဝတ်မှာ တက်တူးတွေကိုထိုးလာကြပါတယ်။ သင်ဟာ ၂၀၁၉ မှာနေပြီး ဖက်ရှင်ကျသူဆိုရင်တော့ Forearm နားမှာ Body Art ထိုးဖို့ လိုအပ်လာပါပြီ။ ဆေးမှင်ကြောင်ဟာ အခုလို မော်ဒန်ခေတ်မှာ Mainstream ဖြစ်လာပြီး ထိုးထားတဲ့ ယောက်ျားတွေတိုင်း Personality တစ်မျိုးကို တက်တူးတွေကပြောင်းလဲပေးပါတယ်။
Source: nextluxury.com
အရင်တုန်းကတော့ လက်ကောက်ဝတ်မှာ ထိုးတာကအဓိပ္ပာယ်မရှိဘူးလို့ယူဆပေမယ့် အခုတော့ပြောင်းလဲသွားပါပြီ။ တက်တူးထိုးတာဟာ တစ်ချို့ဘာသာတွေ ယဉ်ကျေးမှုတွေမှာ တားမြစ်ထားတာကြောင့် လူတွေ Judge လုပ်လို့မရတဲ့နေရာမှာ ထိုးတာကောင်းပါတယ်။ သို့ပေမယ့် တက်တူးလောကမှာကတော့ သင့်အတွက် ဘဝမှာ အရေးကြီးတဲ့ Words Symbols Imagery တွေကို သင့်စိတ်ကြိုက်ထိုးချင်တဲ့နေရာမှာထိုးကြဖို့ တိုက်တွန်းထားပါတယ်။
Source: nextluxury.com
Wist Tatt တွေထိုးလာကြတာက First Impression ရစေဖို့ပဲဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေပြောကြတာကတော့ သင်ထိုးထားတဲ့ တက်တူးကိုကြည့်ပြီးသင့် Character ကိုခန့်မှန်းလို့ရပါတယ်တဲ့။ တက်တူးကိုမထိုးခင်တော့စဉ်းစားစရာတွေအမျာျးြားကြီးပေါ်လာမှာဖြစ်ပေမယ့် ရရှိလာမယ့်အခွင့်အရေးကတော့ သင်ဟာယောက်ျားပီသသူတစ်ဦးပါဆိုပြီး ကြေငြာမောင်းခတ်စရာမလိုတော့ဘူးပေါ့။
ထွေထွေထူးထူးတော့ ပြောမနေတော့ပါဘူး။ ပြထားတဲ့ပုံတွေကိုကြည့်ပြီး Inspiration ယူလို့ရပါတယ်။ ကွဲပြားတဲ့ တက်တူးဒီဇိုင်းတစ်ခုစီမှာ သူ့ရည်ရွယ်ချက်နဲ့သူရှိပါတယ်။ တချို့ဒီဇိုင်းတွေက ယုံကြည်မှုရှိစေမှာဖြစ်ပြီး တစ်ချို့ဒီဇိုင်းကတော့ Creative ဖြစ်တဲ့လူတယောက်လို့မြင်စေမှာပါ။ မယုံမရှိပါနဲ့ အရာရာတိုင်းမှာ သူ့တန်ဖိုးနဲ့သူရှိပါတယ်။
Source: nextluxury.com