ဆိုင်ကယ်ကိုမနှစ်သက်တဲ့ အမျိုးသားမရှိသလောက်ပါပဲ။ ဆိုင်ကယ်ဆိုရင် ကြီးကြီးငယ်ငယ် အရူးအမူးစွဲလန်းတတ်ကြပါတယ်။ မြို့တွင်းမှာ ဆိုင်ကယ်စီးခွင့်ကို ကန့်သတ်ထားပေမယ့် ဆင်ခြေဖုံးနဲ့နယ်တွေမှာတော့ ဆိုင်ကယ်ဟာမရှိမဖြစ်ပါပဲ။
ဘယ်လိုဆိုင်ကယ်မျိုးကို ရွေးချယ်မလဲ

Source: insella.it
ဆိုင်ကယ်အမျိုးအစားတွေ များစွာရှိတဲ့ထဲက ကိုယ်နဲ့လိုက်ဖက်ပြီး သွက်လက်ပေါ့ပါးတဲ့ စတိုင်မျိုးကိုရွေးချယ်လိုက်ပါ။
အရောင်အဆင်းတွေလည်း ရွေးပါ

Source: thoughtco.com
တည်ငြိမ်တဲ့အရောင်လား၊ ခေတ်ဆန်တဲ့အရောင်လားဆိုတာ စိတ်တိုင်းကြရွေးချယ်လို့ရပါတယ်။ အရောင်အဆင်းစုံတဲ့ ဆိုင်ကယ်အလန်းလေးတွေကအများကြီးလေ။
ခရီးတွေသွားကြမယ်

Source: newman-cams.com
စီးတော်ယာဉ်လေးက စိတ်တိုင်းကျရှိနေပြီဆိုတော့ ကြိုက်တဲ့နေရာကို ရွက်လွှင့်နိုင်ပြီပေါ့။ ငှက်တစ်ကောင်လို ပေါ့ပါးတဲ့ခံစားချက်မျိုးမှာစီးမျောကြည့်လိုက်ပါ။
တကိုယ်တော်လား၊ ချစ်သူနဲ့လား

Source: cas.sk
စိတ်သွားတိုင်းကိုယ်ပါ နေရာအနှံ့ကိုခြေဆန့်တဲ့အခါ တစ်ယောက်ထဲ စိတ်လွတ်ကိုယ်လွတ်သွားမလား။ ဒါမှမဟုတ် ချစ်သူလေးနဲ့အတူတူ ပျော်စရာခရီးတွေကို ဖန်တီးမလား။ ဒါကတော့ သင့်စိတ်တိုင်းကြပဲလေ။