တစ်နှစ်မှာ တစ်ခါပဲ ကြုံရတဲ့ မွေးနေ့ပါတီကို ထူးထူးခြားခြားလေးဖြစ်အောင် လုပ်ချင်တာလား။ ဒါမှမဟုတ် ချစ်သူကောင်မလေးအတွက် မေ့မရနိုင်တဲ့ မွေးနေ့ပွဲလေးအဖြစ် အံ့သြပျော်ရွှင်စရာ ဖန်တီးချင်တာလား။ ဒါဆိုရင်တော့ မွေးနေ့ပါတီ အလန်းစားလေးတွေ ပြောပြပေးချင်ပါတယ်။ လိုက်လုပ်ကြည့်နော်။  

Source: supermomplace.com

တကယ်တော့ မွေးနေ့ပါတီဆိုတာ ကိုယ့်ဘဝရဲ့ နေ့ထူးနေ့မြတ်ကို Celebration လုပ်တဲ့ သဘောမျိုးပါပဲ။ ကိုယ်ချစ်ရခင်ရတဲ့ သူတွေနဲ့ အတူ ကိုယ့်ရဲ့ မွေးနေ့ရက်မြတ်ကို ဖြတ်သန်းရတာဖြစ်တဲ့အတွက် ခမ်းခမ်းနားနား ဟုတ်မနေရင်တောင် ဆန်းဆန်းပြားပြားဖြစ်နေဖို့ လိုအပ်ပါတယ်။

Source:corymccoy.co

ဒီမှာဆိုရင် ပွဲကြီးတွေ ဆိုင်တွေ မှာ မွေးနေ့ပွဲကျင်းပမှသာ ဒီဇိုင်းအပြင်အဆင်တွေနဲ့ ထည်ထည်ဝါဝါ ခမ်းခမ်းနားနား လုပ်တတ်ကြပါတယ်။ ကိုယ့်ဘာသာကိုယ် အိမ်မှာဆိုရင် ဘာမှ ပြင်ဆင်မနေဘဲ ဘောလုံးလေးတွေ ချိတ်ထားတာလောက်နဲ့ ပြီးသွားကြတာပါ။

Source:celestialdelish.com

ဒီလို မလုပ်ပါနဲ့ ကိုယ့်မွေးနေ့အတွက်ပဲဖြစ်ဖြစ် ၊ ကိုယ့်ချစ်သူမွေးနေ့ပဲဖြစ်ဖြစ် ကိုယ်ချစ်ရခင်ရတဲ့ သူတစ်ဦးတစ်ယောက်ရဲ့ မွေးနေ့ပဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင် ဖန်တီးထားတဲ့ ပါတီပွဲလေးနဲ့ အံ့သြပျော်ရွှင်မှုတွေ လက်ဆောင်ပေးလိုက်ပါ။

Source: beausian.com

ကိုယ်ကိုယ်တိုင် ဖန်တီးထားတဲ့ မွေးနေ့ပါတီပွဲလေးနဲ့ ဆိုင်ကို ပိုက်ဆံပေးပြီး တဖက်ကဝန်ဆောင်မှုကို ရယူတဲ့ မွေးနေ့ပါတီဟာ စိတ်ခံစားမှုအရတော့ အတော်ကွာခြားပါတယ်။ ဒါကို တကယ်ဖန်တီးပေးသူနဲ့ လက်ခံရရှိသူတွေပဲ ခံစားသိရှိနိုင်တာပါ။

Source: getvic.com

ဆိုင်တွေမှာ ပြင်ဆင်တဲ့ အပြင်အဆင်အခမ်းအနားမျိုးရဖို့က လုံးဝ လုံးဝ မခဲယဉ်းပါဘူးနော်။ ခုဆိုရင် Party Studio လိုမျိုး ပါတီပြင်ဆင်တဲ့ အခမ်းအနားဒီဇိုင်းပစ္စည်းလေးတွေ လိုသလောက်ဝယ်ယူလို့ရနေတဲ့ ခေတ်ကြီးထဲမှာ အရာရာဟာ ကိုယ့်ရှေ့မှောက် အဆင်သင့်ရောက်နေပါပြီ။

Source:cabinetsrefacing.co

ကဲ….မွေးနေ့ပွဲတစ်ခုခု ကျင်းပဖို့ စဉ်းစားထားပြီဆိုရင် ဆိုင်ကို အပ်မနေဘဲ ကိုယ့်စိတ်တိုင်းကျ တီထွင်ကြံဆ ဖန်တီးရင်း ကိုယ်ကိုယ်တိုင် ကြည်နူးမှုရယူနိုင်သလို သူများတွေဆီလည်း စိတ်ခံစားမှုကောင်းစေဖို့ ကိုယ့်အားကိုယ်ကိုးလိုက်ကြရအောင်နော်။