ဟိုးအရင်ကတည်းက ပါတီပွဲတွေမှာဆိုရင် ပူဖောင်း ဆိုတာ မပါမဖြစ်လို့ ပြောရမလိုပါပဲ။ ရှာဖွေရမခက်ခဲဘဲ အလွယ်တကူ ရရှိနိုင်တဲ့ ဘောလုံးလေးတွေဟာ အပြင်အဆင် လှလှလေးတွေ ရနိုင်ဖို့လည်း အထောက်အကူရနိုင်ပါသေးတယ်။ အချိန်ကုန် သက်သာသလို လှပဝေဆာတဲ့ ပါတီပွဲတစ်ပွဲကို ရရှိစေနိုင်တဲ့ ဘောလုံးလေးတွေကို ဘယ်လိုအလှဆင်ကြမလဲ။ နည်းလမ်းလေးတွေ ဝေမျှပေးချင်ပါတယ်။

Source: Shutterstock

ပူဖောင်းလေးတွေကို ရိုးရိုးကြိုးနဲ့ ချည်တာမျိုးမဟုတ်ဘဲ ကာလာပေပါလေးတွေနဲ့ ချည်နှော်င်ပြီး အလှဆင်တာကလည်း တစ်မျိုးအမြင်ဆန်းစေပါတယ်။ ဒီဒီဇိုင်းလေးတွေက မြင်ရသူကိုလည်း စိတ်ကြည်နူးမှုပေးပြီး ချစ်စရာအပြင်အဆင်လေးမို့ လူတိုင်း ကြိုက်နှစ်သက်ကြပါတယ်။

Source: Shutterstock

ဒီလို ပုံစံအပြင်အဆင်ကိုတော့ ကုမ္ပဏီတွေရဲ့ ပရိုမိုးရှင်းလို ပွဲမျိုးတွေမှာ ပြင်ဆင်လေ့ရှိကြပါတယ်။ theme ကာလာ အရောင်နဲ့ ဒီဇိုင်းအလှပြင်ကြတာမျိုးပါ။ ချစ်သူမိန်းကလေးရဲ့ မွေးနေ့ပွဲကို ပြင်ဆင်တော့မယ်ဆိုရင် သူကြိုက်တဲ့ ကာလာလေးတွေကို တွဲစပ်ပြီး ဒီဇိုင်းပြင်လို့ရပါတယ်။ ဒီလိုမှမဟုတ်ဘဲ ကလေးငယ်ရဲ့ မွေးနေ့ပွဲကို စီစဉ်မယ်ဆိုရင်လည်း သူသိပ်ကြိုက်တဲ့ ကာလာ ဒါမှမဟုတ် သူကြိုက်တဲ့ hero တစ်ခုခုရဲ့ အရောင်လေးတွေကို စပ်ပြီး ပူဖောင်းလေးတွေ ပြင်ဆင်လိုက်မယ်ဆိုရင် အရမ်းကြိုက်နှ်စ်သက်သွားမှာ ကျိန်းသေပါတယ်။

Source: Shutterstock

အံ့သြသွားလား မအံ့သြပါနဲ့နော်။ ကိတ်မုန့်ပေါ်ကို ပူဖောင်းလေးတွေ ဖယောင်းတိုင်လို ထွန်းတာမျိုး ဘယ်သူမှ သိပ်မလုပ်ကြသေးဘူးမလား။ လုပ်ကြည့်လိုက်ပါ။ အရမ်းလည်း ပျော်စရာကောင်းသလို အရမ်းလည်း ချစ်ဖို့ ကောင်းပါတယ်။ ဒါလေးတွေ လုပ်ဖို့ကလည်း သိပ်မခက်ခဲဘူးဆိုတော့ အထူးအဆန်းလေးဖြစ်သွားအောင် လုပ်ကြည့်ကြပါဦးနော်။

Source: Shutterstock

Anniversary တွေနဲ့ romantic ဖြစ်ဖို့ အကောင်းဆုံးနည်းလမ်းပေါ့ကွယ် ။ ကိုယ်နဲ့သူရဲ့ ချစ်စရာ့ ကြည်နူးစရာ့ ဓာတ်ပုံလေးတွေ ကို ပူဖောင်းလေးတွေနဲ့ ချိတ်ဆွဲပေးပြီး surprise လုပ်လိုက်မယ်ဆိုရင် အိုးးးး ပျော်လွန်းလို့ အာဘွားတွေ အထပ်ထပ် ရမှာ မြင်ယောင်ပါသေးတယ်။ surprise ကို တန်ဖိုးကြီး ပစ္စည်းတွေ လျှောက်စဉ်းစားမနေပါနဲ့ ။ ဘယ်လို ရို ရမလဲသာတွေးထားလိုက်ပါ။ ကောင်မလေးက အသည်းစွဲကို ဖြစ်နေမှာပါ။

Source: Shutterstock

ပူဖောင်းတွေက ပုံစံအမျိုးမျိုး အရွယ်အစားအမျိုးမျိုး ရနိုင်ပါပြီ။ ကိုယ့်စိတ်တိုင်းကျ ဘယ်လိုဒီဇိုင်းထွင်မလဲ ။ ဘယ်လို ဖန်တီးယူမလဲဆိုတာကို တွေးရင် တွေးတတ်သလို ပုံစံဆန်းဆန်းလေးတွေ ရနိုင်မှာပါ။ ကိုယ့်ရဲ့ တီထွင်ကြံဆမှုအတိုင်း ကိုယ့်ရဲ့ ပါတီက အလန်းစားဖြစ်နေမှာပါ။

Source: Shutterstock

တကယ်လို့ အချိန်ကလည်း မရတော့ဘူး ပွဲကလည်း အရမ်းကပ်နေပြီ ။ ဘောလုံးတွေနဲ့ ဘာလုပ်လို့ လုပ်ရမှန်းမသိတော့ဘူးဆိုရင်တော့ အပေါ်ကနေ ပူဖောင်းလေးတွေကို ချိတ်ဆွဲလိုက်ဖို့ပဲ အကြံပြုပါရစေ။ ဒီအပြင်အဆင်လေးက မှော်ဆန်ဆန် လှပနေစေမယ့် အပြင်အဆင်လေးပါပဲ။