ယခုခေတ်လူတွေကပဲ ပုံမှန်မဟုတ်တဲ့ အရာတွေ တီထွင်အသုံးပြုကြတယ်လို့ ကွီးတို့ ထင် နေရင် အခုဆောင်းပါးကို အဆုံးထိဖက်ကြည့်လိုက်ပါ။ အရင်ခေတ်ကလူတွေ အခုခေတ်လူတွေထက်ပိုပြီး အူကြောင်ကြောင်နိုင်ပြီး အန္တရာယ်ရှိတဲ့ နည်းလမ်းတွေ အသုံးပြုခဲ့ကြတာကို သိသွားပါလိမ့်မယ်။ဒီနေ့ kwee page က အရင်လူတွေ အသုံးပြုခဲ့ကြတဲ့ ထူးထူးဆန်းဆန်းအရာတွေကို ဖော်ပြပေးသွားမှာပါ။

(၁) Cocaine (ကိုကင်း) ကိုဆေးအဖြစ်အသုံးပြုကြတယ်

လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်တုန်းက လူတွေဟာ Cocaine (ကိုကင်း) ကို မကောင်းတဲ့မှုးယစ်ဆေးဝါးအဖြစ် မမြင်ခဲ့ကြဘူး။ ဆေးဆိုင်တွေမှာ ဆရာဝန်ဆေးညွှန်းမပါပဲနဲ့ တောင် ဝယ်ပြီး အအေးမိတာ၊ သွားကိုက်တာတွေအတွက် အသုံးပြုခဲ့ကြပါတယ်။

Cocaine (ကိုကင်း) ကို စိတ်ငြိမ်ဆေးအဖြစ်နဲ့တောင် ကလေးတွေအပေါ် အသုံးပြုခဲ့ကြပါသေးတယ်။ပြီးတော့ Cocaine (ကိုကင်း) ကိုကျယ်ကျယ်ပြန့်ပြန့် ကြေညာတွေတောင်ထုတ်ခဲ့ပါသေးတယ်။

(၂) ကလေးတွေကို Mail (စာပို့ တဲ့ဝန်ဆောင်မှု) ကနေတဆင့် ပိုကြတယ်

ဒါက ဟာသတခုပြောနေသလိုပါပဲ။ ဒါပေမယ့် တကယ်ရှိခဲ့တာပါ။ ၂၀ ရာစု အစပိုင်းလောက်က အမေရိကန်တွေဟာ သူတို့ရဲ့ကလေးတွေကို တနေရာကနေ တနေရာကိုပို့ဖို့အတွက် Mail(စာပို့ တဲ့ဝန်ဆောင်မှု) ကို တရားဝင်အသုံးပြုခွင့်ရှိခဲ့ပါတယ်။

ဝန်ဆောင်ခအနေနဲ့ ကလေးတွေရဲ့ အလေးချိန်အပေါ်မှုတည်ပြီး ဒေါ်လာ ၁၅ ဆင့်သာ ကျသင့်ပါတယ်။ ဘယ်လို မိဘတွေက သူတို့ရဲ့ကလေးတွေကို Mail (စာပို့ တဲ့ဝန်ဆောင်မှု) နဲ့ ဆွေမျိုးတွေဆီ ပို့ခဲ့ကြလည်း မသိဘူးနော်။

(၃) ဝရံတာပေါ်က ကလေးလှောင်အိမ်

Source: Good Houskeeping

၁၉၃၀ ခုနှစ်တွေတုံးက ဒီလိုလှောင်အိမ်တွေဟာ ဗြိတိန်မိသားစုဝင်တွေမှာ အလွန်ခေတ်စားခဲ့ပါတယ်။ အိမ်ရှင်မကအိမ်အလုပ်တွေနဲ့ အလုပ်ရှုပ်နေချိန်မှာ ကလေးတွေ လေကောင်းလေသန့် ရအောင်ဆိုပြီး ဒီလိုလှောင်အိမ်တွေထဲမှာ ထည့်ထားလေ့ရှိခဲ့ပါတယ်။

ဒါကယုံဖို့လည်းတော်တော်ခတ်ပါတယ်။ ဒါပေမယ့် ဒီလိုအန္တရာယ်များတဲ့ အရာကို ဗြိတိန်လူမျိုးတွေ တကယ်အသုံးပြုခဲ့ကြတာပါ။သူတို့အတွက်တော့ ဒါကအန္တရာယ်မရှိဘူးလို့ ယူဆထားကြတယ်နဲ့တူပါတယ်။

(၄) Garden hermit (ရသေ့ ဥယျာဉ်မှူး)

အရင်ခေတ်တွေတုံးက လူချမ်းသာတွေမှာ ပေါက်ကရ အတွေးတွေရှိတယ်နဲ့တူပါတယ်။ ၁၈ ရာစုလောက်တုံးက ဥယျာဉ်ထဲမှာနေတဲ့ ကိုယ်ပိုင်ရသေ့တယောက်ပိုင်ဆိုင်ရတာကို ဂုဏ်ယူခဲ့ကြပါတယ်။

ရသေ့ဟာ ဆံပင်ဆေးကြောဖို့နဲ့ခြေသည်းလက်သည်းတွေ ညပ်ခွင့်မရှိပါဘူး။သူတို့ဟာ လက်လုပ် ဂူတွေထဲမှာ နေရပါတယ်။ သူတို့ရဲ့ပိုင်ရှင် လူချမ်းသာတွေက လာသမျှဧည့်သည်တွေကို ပြလေ့ရှိပါတယ်။ ဘယ်လိုလူတွေပါလိမ့်နော်။ ကြံကြံဖန်ဖန် ပြစရာရှားလို့။

(၅) မသေချာတဲ့ ကုသမှုများ

သိပ်မကြာခင်တုံးက ဆရာဝန်တွေဟာ ရောဂါပိုးမွှားတွေကို သတ်ဖို့အတွက် သူတို့ကိုယ်တိုင် သေချာမသိတဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့ကြပါတယ်။ ရောဂါအားလုံးပျောက်ကင်းဖို့ ဆိုပြီး သွေးတွေထုတ်ပစ်တာ၊ စကားထစ်တာကုသဖို့အတွက် လျှာဖြတ်ပစ်တာ နဲ့ ဦးနှောက်ကို လျှပ်စီးနဲ့ လျှော့ရိုက်တာတွေပါ လုပ်ခဲ့ကြပါတယ်။

အဲ့ခေတ်တုန်းက အကျော်ကြားဆုံး အရိုးအထူးကုတယောက်ဖြစ်တဲ့ Lewis Sayre (ပုံမှာပါတဲ့သူ) တောင်မှ သေစေလောက်တဲ့ ခွဲစိတ်မှုမျိုးလုပ်ခဲ့ဖူးပါတယ်။

Source: Bright Side