ထသွားထလာလို့ဆိုပေမယ့်လည်း တကယ်တမ်းတော့ ဖက်ရှင်ပေါင်းစုံ ဆုံစည်းချိန်လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ ကိုယ့်စိတ်တိုင်းကျ ဖက်ရှင်စတိုင်လ်နဲ့ ဝတ်စားဆင်ယင်ပုံကို ပေါင်းစပ်ထားတဲ့ တမူထူးခြားတဲ့ အသွင်အပြင်ဆိုလည်း မမှားပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေကျရင် ဒါတွေချည်းဝတ်နေရလို့ ငြီးငွေ့လာပြီ၊ အသွင်တစ်မျိုးပြောင်းပြီး ဝတ်ချင်တယ်ဆိုတဲ့ ကွီးတွေအနေနဲ့ အခုဖော်ပြပေးသွားမယ့် ထသွားထလာဖက်ရှင်လေးတွေကို လေ့လာနိုင်ပါတယ်။

ဟိုးအရင်တုန်းကလို တခါလာလည်း ဒါ၊ နောက်တစ်ခါလည်း ဒီလိုပုံတွေချည်း ဝတ်နေတတ်တဲ့အကျင့်ကို ဖျောက်ဖျက်လိုက်ပြီးတော့ အသစ်အဆန်းလေးတွေ ထွင်ပြီးဝတ်ကြည့်ကြဖို့အတွက် တိုက်တွန်းလိုက်ရပါတယ်။

လည်ပင်းအဝိုင်းနဲ့ တီရှပ်လေးတွေကို အောက်ကနေပြီးတော့ ကြိုက်နှစ်သက်ရာဘောင်းဘီများနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပြီးတော့ ကိုယ်သဘောကျတဲ့ နာရီ၊ ဖိနပ်တို့နဲ့ အဆုံးသတ်ပေးလိုက်ပါ။ အရေးကြီးတာက ဖိနပ်တွေညစ်ပတ်နေလို့ မရပါဘူးနော်။

ဒီလိုပုံစံမျိုးလေးက ပုံမှန်အားဖြင့်တော့ Formal လို့ထင်ရပေမယ့် တကယ်တမ်းတော့ ပေါ့ပေါ့ပါးပါးဝတ်ဆင်နိုင်တဲ့ ပုံစံဆိုလည်း မမှားပါဘူး။ အခုလို ပူအိုက်တဲ့ နွေရာသီမှာဆိုရင် ပိုပြီးတော့တောင် လွတ်လွတ်လပ်လပ်ဝတ်ဆင်နိုင်မှာဖြစ်ပါတယ်။

Source: buzz16.com