ဒီနေ့မှာတော့ မန်စီးတီးအသင်းရဲ့ ကွင်းလယ်နေရာမှာ အကောင်းဆုံးခြေစွမ်းပြနေပြီး မန်ချက်စတာအပြာဘက်အခြမ်းရဲ့ အောင်မြင်မှုတွေကို ပိုမိုယူဆောင်နိုင်အောင်ကြိုးပမ်းပေးနေတဲ့ ဒေးဗစ်ဆေးဗားအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်။

Source: wallpapercave.com

(၁) သူကိုတော့ စပိန်နိုင်ငံမှာ ဇန်န၀ါရီ (၈) ရက် (၁၉၈၆) ခုနှစ်ကမွေးဖွားခဲ့တာဖြစ်ပါတယ်။

(၂) သူဟာ စပိန်လက်ရွေးဝင်အသင်းကို (၂၀၀၆) ခုနှစ်ထဲက ပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ (၂၀၁၀)  မှာတော့ မန်စီးအသင်းမှာ စတင်ကစားခဲ့ပါတယ်။ စပိန်တွေ (၂၀၁၀) ကမ္ဘာ့ဖလားရရှိအောင်လည်း အစွမ်းကုန်ကူညီနိုင်ခဲ့ပါတယ်။

(၃) သူရဲ့ နာမည်ပြောင်ကတော့ Merlin. ပဲဖြစ်ပါတယ်။

(၄)  မိဘနှစ်ပါးရဲ့နာမည်တွေကတော့  Fernando နဲ့ Eva ဖြစ်ပြီး (၂၀၁၈) ခုနှစ်မှာတော့ ဆေးဗားဟာ သားလေးတစ်ယောက်ရရှိခဲ့ပါတယ်။

Source: wallpapercave.com

(၅) သူဟာ ရာမိုစ်နဲ့လည်း အကောင်းဆုံးဆက်ဆံရေးရှိပြီး ပရီးမီးယားလိဂ်မှာ သူပြသတဲ့ခြေစွမ်းတွေက မန်စီးတီးအသင်းကိ အကြိမ်ကြိမ်ကယ်တင်ခဲ့ပါတယ်။

Source: wallpapercave.com

(၆) သူရဲ့ ဘောလုံးပေးပို့နိုင်စွမ်းတွေ၊ လိမ်ခေါက်နိုင်စွမ်းတွေဟာ စပိန်သားတွေရဲ့ ထုံးစံအတိုင်းအကောင်းဆုံးဖြစ်နေတာလည်းဖြစ်ပါတယ်။