ပြင်သစ်လိဂ်ဟာ ယခုနောက်ပိုင်းနှစ်တွေမှာ ပိုမိုစိတ်ဝင်စားဖို့ကောင်းလာပါပြီ။ ကမ္ဘာထိပ်တန်းကစားသမားအများအပြားဟာလည်း ပြင်သစ်မြေမှာ အခြေကျကစားနေကြပါပြီ။ ပြင်သစ်လိဂ်သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားတဲ့ Delio Onnis အကြောင်းကိုလည်းဖော်ပြလိုက်ရပါတယ်။

Source: sportskeeda.com

အာဂျင်တီးနားကစားသမားတစ်ယောက်ဖြစ်ပြီး တစ်ကိုယ်တော် ထိုးဖောက်မှုတွေ၊ ပြစ်ဒဏ်ဘောတွေ၊ လူပေးလူယူကစားပုံတွေမှာ ထူးချွန်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ မိုနာကိုအသင်းမှာ ကစားခဲ့တာဖြစ်၍ Fox in the box ပုံစံနဲ့ကစားတဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်ပါတယ်။ ဂိုးသွင်းစွမ်းရည်လိမ်မာပါးနပ်ပြီး အချိန်ကောင်းကို အမိအရအသုံးချကာ ဂိုးသွင်းယူတတ်တဲ့ ငှက်မျက်လုံးပိုင်ရှင်လည်းဖြစ်ပါတယ်။ သူဟာ ပြင်သစ်လိဂ်ဂိုးပေါင်း ၂၂၃ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပြင်သစ်လိဂ်မှာတော့ ဂိုးသွင်းအများဆုံးတိုက်စစ်မှူးတစ်ယောက်ပါ။

Source: frenchfootballweekly.com

သူရဲ့ဘောလုံးကစားသမားဘ၀အပိုင်းအခြားကတော့ (၁၉၇၂) မှ (၁၉၇၆) အထိဖြစ်ပါတယ်။ ထိုကာလအတွင်း ပွဲပေါင်း (၄၉၉) ပွဲကစားခဲ့ပြီး  (၂၉၉) ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ သူကစားခဲ့တဲ့ အသင်းတွေကတော့ Stade de Reims, AS Monaco FC, Tours FC နဲ့ Sporting Toulon Var အသင်းတို့ဖြစ်ကြပါတယ်။ အာဂျင်းတီးနားကစားသမားတစ်ယောက်ဖြစ်တဲ့ သူဟာ မိုနာကိုအသင်းနဲ့အတူ ပြင်သစ်လိဂ်ဖလားကို အကြမ်ကြိမ်ကိုင်မြှောက်ခဲ့ဖူးပါတယ်။ သူဟာအာဂျင်တီးနားလက်ရွေးစင်အသင်းအတွက်တော့ (၁၄) ပွဲကစားပေးခဲ့ပါတယ်။ နိုင်ငံတကာသွင်းဂိုးပေါင်း (၂၁) ဂိုးအထိသွင်းယူပေးထားနိုင်ပါတယ်။

Source: caughtoffside.com

နေမာ၊ ဘာပေး အစရှိတဲ့ လူငယ်ကြယ်ပွင့်ကစားသမားတွေအနေနဲ့ Delio Onnis ရဲ့ ဂိုးသွင်းအများဆုံးစံချိန်ကို ချိုးသွားနိုင်မလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရအောင်။