(2014) ကမ္ဘာ့ဖလားမုန်တိုင်းမှာ နာမည်ကျော်လာခဲ့တဲ့ နယ်သာလန်အသင်းရဲ့တောင်ပံကစားသမား ဒီပေးကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ လူငယ်မီမီဟန်ချီချီတိုက်ပွဲဝင်ခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းက တော်ကောက်ခဲ့ပေမဲ့လည်း မန်ယူအသင်းမှာတော့ ခြေစွမ်းပြမကစားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ သူရဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေက ဘာတွေဖြစ်မလဲ?

Source: wallpapercave.com

(1) သူရဲ့ကလပ်အသင်းမန်နေဂျာက သူကို ရော်နယ်ဒိုနဲ့ခိုင်နှိုင်းပြီးချီးကျူးဂုဏ်ပြုခဲ့ဖူးပါတယ်။ PSV နည်းပြဖြစ်ခဲ့တဲ့  Phillip Cocu ကချီးကျူးဂုဏ်ပြုထားတာပါ။

(2) သူဟာ (၂၀၁၃) ကမ္ဘာ့ဖလားတုန်းက သြစတေးလျကို ဂိုးသွင်းယူခဲ့ပါတယ်။ သူဟာ နယ်သာလန်အသင်းအတွက် ကမ္ဘာ့ဖလားမှာ ဂိုးသွင်းယူတဲ့ အငယ်ဆုံးကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။

Source: wallpapercave.com

(3) သူဟာ အဖေချစ်သားတစ်ယောက်လည်းဖြစ်ပါတယ်။ သူအဖေဟာ သူရဲ့ဘ၀ကိုစိုးမိုးလွန်းနေပြီး သူနဲ့အမြဲတူတူလိုက်ပါလေ့ရှိပါတယ်။ သူ့အဖေနာမည်ပါတဲ့ ဂျာစီကိုတောင် ဒီပေးက ၀တ်ဆင်ခဲ့ဖူးပါတယ်။

(၄) သူဟာ တတ်တူးတွေကို ကြိုက်နှစ်သက်ပြီး အဓိပ္ပာယ်ရှိတဲ့ တတ်တူးတွေကိုလည်း ခန္ဓာကိုယ်မှာ ဆင်မြန်းထားတာဖြစ်ပါတယ်။

(၅) သူဟာ PSV မှာကစားတုန်းက လေ့ကျင့်ရေးကွင်းမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ကာလအတော်အကြာ Mask အုပ်ပြီးနေထိုင်ခဲ့ရပါတယ်။

Source: wallpapercave.com

သူဟာ မန်ယူအသင်းမှာ ခြေစွမ်းမပြနိုင်ခဲ့ပေမဲ့လည်း ယခုရောက်ရှိနေတဲ့ ကလပ်အသင်းမှာတော့ အကောင်းဆုံးတွေကိုလုပ်ပြနေခဲ့တာလည်းဖြစ်ပါတယ်။