မြို့ခံပြိုင်ဘက်အချင်းချင်းတွေ့ဆုံတဲ့ ပွဲစဉ်တွေ ဒါမှမဟုတ် နိုင်ငံအတွင်းမှ အအောင်မြင်ဆုံးအသင်းတွေ တွေဆုံကစားတဲ့ ပွဲစဉ်တွေကို ဒါဘီပွဲစဉ်လို့ ခေါ်ဆိုပါတယ်။ ဒါဘီပွဲစဉ်တွေဟာ အခြားသော ပွဲစဉ်တွေထက်ပိုပြီး ပြိုင်ဆိုင်မှုပြင်းထန်လေ့ရှိပါတယ်။ ကြည့်ရှုသူပရိသတ်ကိုလည်း ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့် ပေးစွမ်းနိုင်တာဖြစ်ပါတယ်။ ကမ္ဘာ့အပြင်းထန်ဆုံးဒါဘီဘောလုံးပွဲတွေကတော့….

(၁) မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးအသင်း

Source: www.tipsjuara.com

အင်္ဂလန်မှအအောင်မြင်ဆုံးအသင်းနှစ်သင်း ထိပ်တိုက်တွေ့ဆုံတဲ့ ပွဲစဉ်ဖြစ်ပါတယ်။ ထိုပွဲစဉ်ကိုတော့ အင်္ဂလန်ဒါဘီဟု တင်စားခေါ်ဝေါ်ကြပါတယ်။ နှစ်သင်းထိပ်တိုက်တွေ့ဆုံတဲ့ ပွဲစဉ်တိုင်းဟာ ပြိုင်ဆိုင်မှုပြင်းထန်လေ့ရှိပြီး အချင်းများမှုများလည်း မကြာခဏဖြစ်တတ်ပါတယ်။

(၂) အေစီမီလန်နဲ့ အင်တာမီလန်အသင်း

Source: www.acmilan.com

အေစီမီလန်အသင်းရော အင်တာမီလန်အသင်းနှစ်သင်းလုံးဟာ မီလန်မြို့ အခြေစိုက်ကြတဲ့ ဘောလုံးအသင်းများ ဖြစ်ပါတယ်။ အိမ်ကွင်းအဖြစ် ဆန်စီရိုတစ်ခုထဲကိုသာ နှစ်သင်းလုံး မျှဝေသုံးစွဲကြပါတယ်။ နှစ်သင်းလုံးဟာ စီးရီးအေဘောလုံးလောကရဲ့ ဘုရင်ထိပ်သီးအသင်းတွေဖြစ်ပြီး တွေ့ဆုံတဲ့ ပွဲစဉ်တိုင်းမှာ ဂုဏ်သိက္ခာအရ အစွမ်းကုန်ယှဉ်ပြိုင်ကစားလေ့ရှိပါတယ်။

(၃) မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီအသင်း

Source: www.punditarena.com

မန်ချက်စတာမြို့ခံနှစ်သင်းတွေ့ဆုံတဲ့ ဒါဘီပွဲစဉ်ဖြစ်ပါတယ်။ သမိုင်းအလျှောက်လျှောက် ဒါဘီပွဲစဉ်တွေမှာ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး ပရိသတ်ကို စိတ်လှုပ်ရှားမှုရသမျိုးစုံ ပေးစွမ်းနိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းအနေနဲ့ ယခုနောက်ပိုင်းနှစ်တွေမှာ ငွေကြေးနဲ့ အသင်းကို အဆင်မြင့်တင်မှုတွေ ပြုလုပ်လာခဲ့တဲ့အတွက် အင်္ဂလန်ရဲ့အကောင်းဆုံးအသင်းဆိုတဲ့ ဂုဏ်ပုဒ်နားထိတောင် ရောက်ရှိလာပါပြီ။ ထို့ကြောင့် ယခုနှစ်ပိုင်းတွေမှာ ယှဉ်ပြိုင်တဲ့ မန်ချက်စတာဒါဘီပွဲတွေဟာ ပိုမိုပြိုင်ဆိုင်မှုပြင်းထန်လာခဲ့ပါတယ်။

(၄) ရိမ်ဂျားနဲ့ ဆဲလ်တစ်

Source: www.liga-zwei.de

ထိုနှစ်သင်းရဲ့ ပြိုင်ဆိုင်မှုက သမိုင်းအဆက်ဆက်ခက်ထန်ခဲ့ပါတယ်။ စကော့တလန်ရဲ့အအောင်မြင်ဆုံး ဘီလူးနှစ်ကောင်တွေ့ဆုံတဲ့ ပွဲစဉ်ဖြစ်တာကြောင့် ဂုဏ်သိက္ခာနဲ့ အနိုင်ရလဒ်ကို ရယူနိုင်ဖို့အတွက်  ကြိုးစားကစားကြရင်း အချင်းများမှုတွေ၊ ပြဿနာတွေလည်း မကြာမကြာဖြစ်တတ်ပါတယ်။

(၅) ဘာစီလိုနာနဲ့ ရီးရဲလ်မတ်ဒရစ်အသင်း

Source: sports-961.com

ကမ္ဘာ့အကောင်းဆုံးအသင်းနှစ်သင်း ယှဉ်ပြိုင်ကစားကြတဲ့ ပွဲစဉ်ဖြစ်ပါတယ်။ နိုင်ငံရေးအရ ဘာစီလိုနာအခြေစိုက်တဲ့ ကတ်တလန်မြေဟာ စပိန်နိုင်ငံရဲ့ လက်အောက်ခံဒေသဖြစ်ပါတယ်။ ထို့ကြောင့် စပိန်မြို့တော် မတ်ထရစ်အခြေစိုက် ရီးရဲလ်အသင်းနဲ့ ဘာစီလိုနာတွေဆုံတဲ့ပွဲစဉ်တိုင်းဟာ ပြိုင်ဆိုင်မှုပြင်းထန်တာဟာ မဆန်းလှပါဘူး။ ကမာ့္ဘအကောင်းဆုံးဘောလုံးသမားအစုအဖွဲ့ကို ပိုင်ဆိုင်ထားတဲ့ အသင်းနှစ်သင်းဖြစ်တာကြောင့် တွေ့ဆုံတဲ့ ပွဲစဉ်တိုင်းဟာ ကြည့်ရှုချင်ဖွယ်ကောင်းနေတုန်းပါ။