ခန္ဓာကိုယ်မှာ အဆီပိုတွေနဲ့မို့ စိတ်ညစ်နေကြပြီလား။ အလုပ်မအားလို့ဖြစ်စေ၊ သီးသန့်အချိန်မပေးနိုင် လို့ဖြစ်စေ ပိုလျံနေတဲ့ အဆီတွေကို မချနိုင်တဲ့အခါ လူဝကြီးစာရင်းအသွင်းခံရတော့ မှာပေါ့။ ဒါပေမယ့် စိတ်မပူ ပါနဲ့။ ၀တဲ့ အမျိုးသားတွေအတွက် စတိုင်ကျကျနဲ့ ခန့်ညားနိုင်ဖို့ အလန်းစား Fashion တွေက လက်တကမ်းမှာ ရှိနေပါတယ်။

အနက်ရောင် Shirt

Source : The Idle Man

အနက်ရောင်ဟာ ခန္ဓာကိုယ်ကို ကျစ်လစ်သွယ်လျတဲ့ ပုံပေါ်စေပါတယ်။ အနက်ရောင် ရှပ်အကျီင်္ Brand မျိုးစုံနဲ့ စတိုင်ကျတဲ့ ကွီးတစ်ယောက်ဖြစ်နိုင်ပါပြီ။

ကုတ္အက်ႌအမိုက္စား

Source : areah.com.br

လူငယ္ဆန္တဲ့ ကုတ္အက်ႌ တစ္ထည္ကို ေရြးခ်ယ္လုိက္ပါ။ ကုတ္အက်ႌကို လက်ခေါက်ပြီး ပေါ့ပါ့ပါးပါး ၀တ်ဆင်နိုင်သလို ခန့်ညားတဲ့ အသွင်အပြင်နဲ့ လည်း Gentleman တစ်ဦးကဲ့သို့လည်း စတိုင်ထုတ်နိုင်ပါတယ်။

ပေါ့ပေါ့ပါးပါး T Shirt

Source : YoYCart

အသက်အရွယ် မရွေး Fatty ပုရိသတွေအတွက်  အကြံပြုချင်တဲ့ နောက်ထပ် Fashion တစ်မျိုးက တော့ T Shirt ပဲ ဖြစ်ပါတယ်။ ၀တဲ့လူအများစုဟာ ချွေးထွက်သန်ကြပါတယ်။ T shirt ကိုရွေးချယ်လိုက်ခြင်း ဖြင့် လွတ်လပ်ပေါ့ပါးပြီး ရာသီမရွေးစတိုင်ကျနေနိုင်မှာ ဖြစ်ပါတယ်။

အရောင်နုနု Shirt များ

Source : Men’s shoes

ရှပ်အင်္ကျီတွေကို ရွေးချယ်ဝတ်ဆင်တဲ့ နေရာမှာ Big Guy တွေအတွက် သတိပြုစရာ အချက်တစ် ချက်ရှိပါတယ်။ ဒါကတော့ အရောင်နုနု ဖြစ်သော shirt များကို ရွေးချယ်ဝတ်ဆင်သင့်တာပဲဖြစ်ပါတယ်။ အကွက်၊အဆင်းတွေနဲ့ ပန်းပွင့်ဒီဇိုင်းတွေဟာ ခန္ဓာကိုယ်ရဲ့ အဆီပိုတွေကို ပိုမိုထင်ရှားစေလို့ပဲ ဖြစ်ပါတယ်။