Justin နဲ့ Hailey တို့ရဲ့ စေ့စပ်သတင်းကြောင့် Selena ကိုသနားကြသူတွေ ၊ Justin တို့စုံတွဲကို အားကျဂုဏ်ယူသူတွေနဲ့ အရမ်းကို လူစိတ်ဝင်စားမှုတွေ မြင့်တက်ခဲ့ပါတယ်။ ဘာ့ကြောင့် Hailey ကို ရွေးချယ်ခဲ့တာလဲ။ ဘာ့ကြောင့် Selena ကို မရွေးချယ်ခဲ့တာလဲ။ တကယ်တော့ စိတ်ခံစားမှုနဲ့သက်ဆိုင်ပါတယ်။ Justin သူတို့နှစ်ဦးအပေါ် ဆက်ဆံပုံတွေလည်း ကွဲပြားခြားနားပါတယ်။
Source: Pinterest
လူမြင်ကွင်းမှာ ဆက်ဆံပုံ
Justin က Selena နဲ့ဆိုရင် လူကြားထဲသွားတဲ့အခါ နီးနီးကပ်ကပ်နေတာမျိုး သိပ်မရှိပါဘူး။ ခြေလှမ်းတွေလည်း တစ်ယောက်နဲ့တစ်ယောက် ညီမနေတာများပါတယ်။ လက်ချင်းဆုပ်ကိုင်တာ တစ်ဦးကို တစ်ဦး ကြည့်တာမျိုးတွေ ရှိမနေပါဘူး။ Hailey နဲ့ လမ်းသွားတဲ့အခါမှာတော့ တစ်ဦးနဲ့တစ်ဦး လက်ချင်းထိကပ်တာ စိုက်ကြည့်တာ နီးနီးကပ်ကပ်နေတာ လမ်းသွားတဲ့အခါမှာလည်း ခြေလှမ်းညီနေတာမျိုးတွေ ရှိပါတယ်။ ဒါဟာ Body Language နဲ့ ကြည့်မယ်ဆိုရင် စိတ်ချင်းနီးစပ်မှုကို ပြတာပဲဖြစ်ပါတယ်။
လက်ကိုင်တဲ့ ပုံစံလည်းကွာခြားပါတယ်။
Source: cosmopolitan.com
Selena နဲ့ လက်ကိုင်တဲ့အခါမျိုးမှာ တစ်ဦးရဲ့လက်ကို တစ်ဦး ဆုပ်ကိုင်ရုံသာသာပါပဲ။ ဘယ်လိုပဲ မျက်နှာမှာ အပြုံးတွေရှိနေပါစေ Justin ဟာ Selena လက်ကို ဆုပ်ကိုင်ထားချိန်မှာ ကိုယ်ဟန်က ယို့ယို့ကလေးဖြစ်နေတတ်ပါတယ်။Hailey နဲ့ လက်ကိုင်ချိန်မှာတော့ တစ်ဦးနဲ့တစ်ဦးဟာ လက်ချောင်းတွေယှက်ပြီး ကိုင်ထားတာပါ။ ဒါဟာ သက်တောင့်သက်သာ ရှိမှုနဲ့အတူ ယုံကြည်စိတ်ချမှုတွေပါရှိနေတယ်လို့ ယူဆရပါတယ်။
အကြင်နာအနမ်းပေးပုံ
Source: melty.it
နမ်းပုံတွေဟာလည်း ကွာခြားလို့နေပြန်ပါတယ်။ Justin ဟာ Selena ကို နမ်းတဲ့နေရာမှာ ဒီတိုင်း ရိုးရိုး နှုတ်ခမ်းချင်း နမ်းရုံသာဖြစ်ပါတယ်။ အပြုံးတွေဝေဆာနေတဲ့ သူတို့နှစ်ဦးရဲ့ အနမ်းဟာ ဒီတိုင်း ရိုးရိုးကြီးလို့ပဲ ပြောရမှာပါ။
Source: Pinterest
Hailey နဲ့ကျတော့ မတူပါဘူး။ Justin က Hailey ကို နမ်းတဲ့အခါမျိုးမှာ Hailey ရဲ့ ခန္ဓာကိုယ်ကို သူ့လက်တွေနဲ့ သိမ်းကျုံးဖက်ထားပြီး နှုတ်ခမ်းချင်းနမ်းနေသလို အသားချင်းလည်း ထိထားတတ်သူဖြစ်ပါတယ်။
Source: bollycrazy.com