မုတ်ဆိတ်မွေးထားဖို့ချင်တဲ့ ကွီးတို့အတွက် အကြံကောင်းလေးပေးပါရစေ။ မုတ်ဆိတ်မွေး ပါးသိုင်းမွေးလို့ပြောလိုက်တိုင်း အရှည်ကြီးနဲ့ အထူကြီး ထားစရာမလိုပါဘူး။ အထာကျကျနဲ့ Facial Hair ကိုထားမယ်ဆိုရင်တော့ စမတ်ဖြစ်ပြီး ယောကျာ်းပီသမှာ အသေအချာပါ။ သို့ပေမဲ့ Facial Hair ထားပြီဆိုရင်အသက်အရွယ်ပေါ်မူတည်ပြီး ထားသင့်ပါတယ်။ အသက်အရွယ်လိုက်ထား သင့်တဲ့ ပုံစံကကွဲပြား သွားပါတယ် ဒါမှလည်းအထာကျမှာကို။ တကယ်လို့ ထားဖို့ ဆုံးဖြတ်ပြီးပြီဆိုလည်း ဆံပင်ရှည်ထားတဲ့သူတွေလိုပဲ သန့်သ့်သန့်ရှင်းရှင်း နဲ့ ဂရုတစိုက်ရှိဖို့တော့လိုပါတယ်။

Facial Hair စစလေးတွေ ထားဖို့ ကြံရွယ်နေတဲ့ကွီးများအတွက် စော်ကြည်ဖို့အရေး ဘယ်လိုပုံစံမျိုးတွေထားသင့်တယ် ဆိုတာကို ပြောပြပေးချင်ပါတယ်။

Source: beardoholic.com

ပထမတစ်မျိုးကတော့ အမွှေးသန်ပြီး မျက်နှာရှည်တဲ့ လူတွေထားရင်ပို အဆင်ပြေမှာပါ သဘာဝ ကျကျ ထားနည်းလို့လည်းပြောလို့ရပါတယ် ကိုယ်လိုချင်တဲ့ ပုံသွင်းပြီး မေးစိအောက်ထိ အရှည်ထားတာမျိုးပါ။

Source: beardoholic.com

ဒုတိယတစ်မျိုးကတော့ မေးစိအောက်ထိမဟုတ်ပုံ ပသိုင်းမွှေးကို အသားပေးထားတဲ့ပုံစံမျိုးပါ အမွှေးတွေ အရမ်းမထူပဲ ယောင်္ကျားဆန်တဲ့ look မျိုးကိုရမှာပါ။

Source: beardoholic.com

တတိယကတော့ villain တွေအများဆုံးထားတဲ့ပုံစံမျိုးပါ carefree စတိုင်နဲ့နေရင်တော့ လိုက်ဖက်မှာမဟုတ်ပါဘူး။ Classic ပုံစံ formal အဝတ်အစားတွေနဲ့ဆိုရင်တော့ အရမ်းလိုက်ဖက်ပါတယ်။

Source: beardoholic.com

နောက်ဆုံးတစ်မျိုး တိုစစ ရိပ်ထားတာမျိုးလေးပါ အခုမှစပေါက်သလိုပုံစံမျိုးဖြစ်ပါတယ်။ နားမည်ကြီးမင်းသား Ryan Gosling ထားတဲ့ပုံစံမျိုးလို့လည်းပြောလို့ရပါတယ်။ ဒီလိုပုံစံထားရင်တော့အနည်းငယ် trim လုပ်ပေးဖို့လိုအပ်ပါတယ်