ယောကျာ်းလေးတစ်ယောက်ရဲ့ Fashion တစ်ခုလုံးဟာ မိန်းကလေးတွေနဲ့ ကွဲပြားခြားနားပါတယ်။ ဒီဇိုင်းအားလုံးက Simple နေလွန်းခဲ့ပါတယ်။ Simple ဖြစ်ပြီး လုံးဝ Fashion Mood အပြည့်ရှိနေအောင် တီထွင်နိုင်ဖို့ဆိုတာ အရမ်းကိုခက်ခဲပါတယ်။ “Simplicity is The Only Classic” ဆိုတာ Men Fashion တွေအတွက် ဖြစ်လို့နေခဲ့တယ်။ ဒီလိုမျိုး Classic လဲဖြစ်နေရမယ်။ Fashion Mood လဲအပြည့်ရှိနေရမယ်ဆိုရင်တော့ Dior Homme ကနေ ဖန်တီးလိုက်တဲ့ Fall/ Winter 2018 Gold Capsule Collection က အသင့်တော်ဆုံးဖြစ်လို့နေပါလိမ့်မယ်။

Source: hypebeast.com

Dior Homme ဟာ “Gold Capsule” Collection ကို ဒီနှစ် ၂၀၁၈ ဆောင်းရာသီအတွက် ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ Theme နဲ့ Color ကိုတော့ မြင်တွေ့ရတဲ့အတိုင်း Gold နဲ့ Black ကာလာကိုသာ အသုံးပြုထုတ်လုပ်သွားမှာဖြစ်ပါတယ်။ “Christian Dior Atelier, 3 rue de Marignan” ရဲ့ Logo ဟာ Golden Bee Logo ပုံစံမျိုးနဲ့တွေ့မြင်ရတော့မှာပဲဖြစ်ပါတယ်။ ထုတ်လုပ်လာမယ့် Sweatshirt ၊ Shirt Blazer T-shirt Hoodie နဲ့ အခြား Leather နဲ့ ထုတ်လုပ်ထားမယ့် Men Accessories တွေပဲဖြစ်ပါတယ်။

Source: hypebeast.com

Dior ရဲ့ Fall/ Winter 2018 Gold Capsule Collection ကို ဒီလနောက်ပိုင်းကာလမှာ Dior Homme’s website မှာ Official Launch စလုပ်မယ်လို့လည်း သိရှိရပါတယ်။ Collection ထဲမှာ Attraction အဖြစ်ဆုံးနဲ့ Stand Out အဖြစ်ဆုံးကတော့ Leather Shoes တွေပဲဖြစ်ပါလိမ့်မယ်။ Golden Bee ကို Leather ပေါ်မှာ Pressed ပုံစံမျိုးရိုက်ထားပြီးထုတ်လုပ်ရောင်းချလာမယ်လို့မျှော်လင့်ရပါတယ်။