ခွေးကလေးတွေ ကြောင်ကလေးတွေကို ချစ်လွန်းလို့ မွေးထားတဲ့သူတွေ ရှိမှာပါ။ ဒီလို အိမ်မွေးတိရစ္ဆာန်လေးတွေ ချစ်လွန်းလို့ မွေးထားသူတွေအနေနဲ့ သူတို့ကတဆင့် ဖြစ်တတ်တဲ့ ဆိုကျိုးတွေကိုတော့ သိထားဖို့ လိုအပ်ပါတယ်။

သူတို့က တဆင့်ဖြစ်တတ်တဲ့ ဆိုးကျိုးတွေကတော့

Source: https://www.rd.com/

တိရစ္ဆာန်တို့ရဲ့ သဘာဝအလျောက် စွန့်ထုတ်ပစ္စည်းတွေ အမွှေးအမျှင်တွေအပေါ် ငြိတွယ်ကပ်ပါလာတဲ့ အမှုန်အမွှားတွေနဲ့ လူရဲ့ခုခံအားတို့ ဓာတ်မတည့်ပဲ တိုက်ခိုက်တုံ့ပြန်ပြီး Contact Dermatitis နဲ့ Allergic Dermatitis တွေဖြစ်တတ်ပါတယ်။ ယားနာ၊ နှင်းခူ စတဲ့ အရေပြားယားယံတာတွေ အဖုအပိန့်ပေါ်တာတွေ၊ အင်ပျဉ်ထတာတွေ၊ နှင်းခူ၊ နာတာရှည် ရောင်ရမ်းနာတွေ ဖြစ်တတ်တယ်။

အသက်ရှူလမ်းကြောင်း

Source: https://thingsbellalikes.com/

သူတို့လေးတွေရဲ့ ကိုယ်ပေါ်က အမှုန်အမွှားတွေ ၊ အညစ်အကြေးတွေကြောင့်လည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ရတတ်ပါတယ်။ ပန်းနာရင်ကြပ် ရှိသူတွေကတော့ နဂိုကတည်းက ဓာတ်မတည့်မှု ၊ တုံ့ပြန်လွန်ကဲသူတွေဖြစ်ပြီး အဲဒီ အမှုန်အမွှား၊ ပိုးမွှား၊ လေထုညစ်ညမ်းမှုကြောင့် ရောဂါပိုဆိုးသွားတတ်ပါတယ်။

ယားနာတွေ

Source: https://cdn-media-1.lifehack.org/

သူတို့ကိုယ်ပေါ်က သန်းတွေ၊ မွှားကိုက်တာတွေ၊ အဲဒီသန်းတွေနဲ့ ဓာတ်မတည့်မှုတွေကြောင့် ယားနာတွေ ၊ အင်ပျဉ်တွေ ဖြစ်တတ်ပြီး ၊ အဲဒီယားနာတွေကို တရားလွန်ကုတ်ခြစ်ရင်လည်း တခြားရောဂါပိုးတွေဝင်ပြီး အရေပြားနာတွေ စွဲကပ်တတ်ပါသေးတယ်။

မစင်တွေ

Source: https://www.lindanieuws.nl/

သူတို့ရဲ့ အညစ်အကြေး မစင်တွေကို ထိတွေ့မိခြင်းကြောင့် မစင်မှာပါတဲ့ ကပ်ပါးသန်းကောင်ရောဂါတွေ ဖြစ်တတ်ပြီး မစင်ကို ကိုင်တွယ်ပြီး လက်ကို သေချာမသန့်ရှင်းမိဘဲ တခြားသူတွေစားဖို့ အစားအသောက် ပြင်ဆင်မိရင် ဒီအစားအစာတွေကို စားသုံးသူတို့တွေပါ ရောဂါကူးနိုင်ပါတယ်။

သန့်ရှင်းအောင်ထားမှ စိတ်ချရ

Source: https://s-media-cache-ak0.pinimg.com/

ခွေးတွေ ကြောင်တွေကို ဘယ်လောက်ပဲ သန့်စင်အောင်ထားထား ဓာတ်မတည့်မှုတွေက နဂိုဓာတ်မတည့်မှုရှိသူတွေ၊ တုံ့ပြန်မှုလွန်ကဲသူတွေမှာ အထက်ပါရောဂါလက္ခဏာတွေ တွေ့နိုင်ပါတယ်။ ဒီလိုဖြစ်လာရင်တော့ အကောင်းဆုံးက တိရစ္ဆာန်တွေနဲ့ ဝေးရာရှောင်ရှားတာ၊ သူတို့ကို ဂရုတစိုက်သန့်ရှင်းပေးတာ၊ သန်းချပေးတာ၊ ကာကွယ်ဆေးထိုးပေးတာ၊ အညစ်အကြေးတွေကို စည်းကမ်းတကျ စွန့်စေတာတို့ကို  ပြုလုပ်ပေးရပါမယ်။