ကိုယ့်ချစ်သူက ကိုယ့်ကို တိတ်တဆိတ်ပဲ တွဲနေပြီး လူသိရှင်ကြား ထုတ်ဖော်ပြသပေးဖို့ တွေဝေတတ်သူလား။ ကိုယ်က ချစ်သူကို သူ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးဖို့၊ သူ့အလုပ်ခွင်ကို လိုက်လည်ဖို့ ပြောပေမယ့်လည်း ကိုယ်ပြောသမျှကို ပယ်ချပြီး ဘယ်အသိုင်းအဝိုင်းမှ အသိမခံဘဲ တစ်ယောက်တည်း ချစ်နေရတဲ့ ဘဝမျိုးမှာ နေနေရပြီလား။ ဒါဆိုရင်တော့ သင် Silent အတွဲခံနေရပါပြီ။

ကိုယ်တို့တွဲနေတာကို လူသိမှာ ကြောက်တယ်

Source: https://shortstatusquotes.com/

ဒီအကြောင်းပြချက်က တကယ်တော့ အခြေအမြစ်မရှိတဲ့ အကြောင်းပြချက်ပါ။ သမီးရည်းစား ပတ်သက်ဆက်နွယ်မှုဟာ လူသိခံရမှာ ကြောက်စရာကို မလိုပါဘူး။ လူသိခံရမှာ ကြောက်တယ်ဆိုကတည်းက သူ့နောက်ကွယ်မှာ လူသိလို့မရတဲ့ အခြားအကြောင်းအရာတွေရှိနေလို့ပါ။

ကိုယ်ရစ်သမျှ သည်းခံခွင့်လွှတ်တတ်တယ်

Source: http://churchofchristarticles.com/

ဒါကလည်း တခါတလေမှာ သူ ကိုယ့်ကို ချစ်ရှာပါလားလို့ တွေးလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တချို့လူတွေက ရစ်သမျှကို သည်းခံခွင့်လွှတ်တယ်ဆိုတာ ကိုယ်ရစ်တာထက်တောင် သူလုပ်ထားတာတွေက ဆိုးဝါးနေလွန်းလို့ပါ။ ဒီတော့ သည်းခံတိုင်းလည်း ချစ်တယ်မထင်ပါနဲ့။

ကိုယ့်တန်ဖိုး ကိုယ်မြှင့်တင်ပါ

Source: https://cdn-images-1.medium.com/

ကိုယ်က တိတ်တဆိတ် လူသိမခံနိုင်ရလောက်အောင် နှိမ့်ကျနေတဲ့ ဘဝမဟုတ်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိကပ်ပါ။ အမြဲတမ်းလည်း ကိုယ့်ကိုယ်ကိုယ် ပြန်ပြောနေပါ။ ကိုယ့်အပေါ် တန်ဖိုးမထားသူအတွက် နှမြောတသမနေပါနဲ့ ။