အမေရိကန်အခြေစိုက် ရုပ်ရှင်ထုတ်လုပ်ရေး Disney ဟာ လက်ရှိမှာ Marvel, Star Wars အစရှိတဲ့ နာမည်ကျော် ရုပ်ရှင်စီးရီးတွေကို ထုတ်လုပ်နေပြီး သူတို့ရဲ့ကိုယ်ပိုင် အန်နီမေးရှင်း ကာတွန်းရုပ်ရှင်တွေကလည်း ပြိုင်ဘက်ကင်းနီးပါး အောင်မြင်နေတာပါ။
ဒါပေမယ့် အင်တာနက်ခေတ်ထဲ ရောက်လာတဲ့အခါ ရုပ်ရှင်ရုံတွေ လူကြိုက်များမှု မလျော့ကျပေမယ့် Netflix, Hulu တို့လို အိမ်ကနေ တိုက်ရိုက်ကြည့်နိုင်တဲ့ Video Streaming ဝန်ဆောင်မှုတွေရဲ့ ဈေးကွက်ကလည်း ကျယ်ပြန့်လာပါပြီ။ ဟောလိဝုဒ်ဟာ Netflix ကိုယှဉ်နိုင်မယ့် ဝန်ဆောင်မှုတွေအတွက် အသင့်ပြင်နေပြီး Disney ကလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။
Source: Streaming Trend
Disney ရဲ့ ဥက္ကဌနဲ့ အမှုဆောင်အရာရှိချုပ် ဘော့ပ်အိုင်ဂါ ဟာ သူတို့ရဲ့ Streaming ဝန်ဆောင်မှုကို Disney Play လို့ အမည်ပေးထားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး လက်ရှိအချိန်မှာတော့ ထုတ်လုပ်နေဆဲ ဖြစ်ပေမယ့် ၂၀၁၉ ထဲမှာ အရောက်ပို့ဆောင်ပေးလာမယ်လို့ ဆိုပါတယ်။
Source: Streaming Trend
၂၀၁၉ ခုနှစ်မှာ Disney ကနေ Captain Marvel, Toy Story 4, Frozen 2 နဲ့ Star Wars Episode IX တို့အပြင် The Lion King ကို ပြန်ရိုက်ထားတဲ့ Live-action ရုပ်ရှင်တွေပါ ထွက်လာမှာ ဖြစ်လို့ သူတို့အတွက် အကောင်းဆုံး အခွင့်အရေးတစ်ခု ဖြစ်နေသလို အိုင်ဂါ ကလည်း ၂၀၁၉ ခုနှစ်မှာ Disney Play ဝန်ဆောင်မှုဟာ ကုမ္ပဏီရဲ့ နံပါတ်တစ်ဦးစားပေး ဖြစ်တယ်လို့ ပြောထားတဲ့အတွက် ဘယ်လောက်ထိ ကြီးကြီးကျယ်ကျယ် မိတ်ဆက်လာမလဲ ဆိုတာ ရင်ခုန်စရာပါပဲ။