Rap သီချင်းစာသားတွေကို ဦးစားပေးသီဆိုတတ်သော်လည်း တခါတခါ သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်ကို ဆွဲဆောင်ထားတဲ့ ချစ်စဖွယ် အဆိုတော်မလေးကတော့ မိစန္ဒီပဲ ဖြစ်ပါတယ်။
ပရိသတ်အတွက် ပြင်ဆင်ထားမှုများ
Source: Mi Sandi
တေးအယ်လ်ဘမ်နှစ်ခု ထွက်ရှိထားပြီးဖြစ်သော အဆိုတော် မိစန္ဒီမှာ ပရိသတ်တွေ အတွက် သူမရဲ့ တတိယမြောက် တေးစီးရီးကို ဖြန့်ချီပေးနိုင်ဖို့အတွက် ကြိုးစားနေပါတယ်။
လတ်တလောလှုပ်ရှားမှု
Source: Mi Sandi
အဆိုတော် မိစန္ဒီဟာ အွန်လိုင်းပေါ်မှာ သီချင်းလေးတွေကို အမိုက်စားသရုပ်ဖော်မှုတွေနဲ့ အတူ ပရိသတ်ကို အမြဲတင်ဆက် ပေးနေကြဖြစ်ပါတယ်။ အခုတခါမှာလည်း ‘ င့ါရည်စားကို မထိနဲ့ ‘လို့အမည်ရ တဲ့ Music Video လေးတစ်ခုကို ရိုက်ကူးနေကြောင်း ပရိသတ်ကို အသိပေးထားပါတယ်။
င့ါရည်းစားကို မထိနဲ့
Source: Mi Sandi
ရောင်းအားအကောင်းဆုံး
Source: Mi Sandi
မိစန္ဒီဟာ City FM ရဲ့ (၁၅)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ ပစ်တိုင်းထောင် ဒီဗီဒီအခွေ နဲ့ ၂၀၁၆ခုနှစ်အတွင်း ရောင်းအားအကောင်းဆုံး စတီရီယိုတေး စီးရီးသီဆိုသူ အမျိုးသမီးတေးသံရှင်ဆု ကိုရရှိ ထားခဲ့သူ ဖြစ်ပါတယ်။