လုပ်ငန်းခွင်အတွင်းမှာ ချောမွေ့လွန်းတဲ့အခြေအနေတွေနဲ့အတူ အရာအားလုံးအဆင်ပြေချောမွေ့နေလိမ့်မယ်လို့ မှတ်ယူထားတာလား။ ဒါဆိုရင်တော့ မှားသွားပြီလို့ ပြောပါရစေ။
လုပ်ငန်းခွင်အတွင်း ချောမွေ့လွန်းတဲ့ အခြေအနေဆိုတာ ရှားပါတယ်
Source: https://s-media-cache-ak0.pinimg.com/
လုပ်ငန်းခွင်စဝင်ပြီဆိုတာနဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေကို ကြုံတွေ့ရမှာပါ။ လူအမျိုးမျိုး စိတ်အထွေထွေတွေနဲ့ တွဲဖက်လုပ်ကိုင်ရမှာဖြစ်တဲ့အတွက် အခက်အခဲတွေ ၊ မပြေလည်မှုတွေမျိုးစုံကို အဆင်ပြေအောင် ဖြတ်ကျော်နိုင်ဖို့ အားအင်တွေရှိရပါမယ်။
လုပ်ဖော်ကိုင်ဖက်အချင်းချင်း သူငယ်ချင်းကောင်းဖြစ်ဖို့ဆိုတာ မလွယ်ကူပါဘူး
Source: https://everydaypowerblog.com/
လုပ်ဖော်ကိုင်ဖက်အချင်းချင်းလည်း သူငယ်ချင်းကောင်းဖြစ်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ တကယ်လို့ ကိုယ့်ရဲ့ လုပ်ငန်းခွင်မှာ သူငယ်ချင်းကောင်းကို ပိုင်ဆိုင်ရပြီဆိုရင် သူ့ကိုတန်ဖိုးထားပါ။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ထားကောင်းပြီး ဖော်ရွေတတ်တဲ့သူနဲ့ အတူတွဲဖက်ပြီး အလုပ်လုပ်ကိုင်နေရလို့ပါပဲ။
ပြဿနာယူလာသူတွေကို မှတ်သားထားပါ
Source: http://www.cheatsheet.com/
လုပ်ငန်းခွင်တိုင်းမှာ ပြဿနာဆိုတာ ကြုံတွေ့ရစမြဲပါပဲ။ ဒါပေမယ့် သင့်ကို ပြဿနာတွေနဲ့ ထိပ်တိုက်ရင်ဆိုင်စေသူဟာ အမြဲလိုလို တစ်ယောက်တည်းဖြစ်နေခဲ့မယ်ဆိုရင်တော့ ဒါဟာ သွေးရိုးသားရိုးမဟုတ်ပါဘူး။ သူနဲ့ အလုပ်တွဲလုပ်ကိုင်ရတိုင်းမှာ သတိထားဖို့သင့်ပါတယ်။ အထူးသဖြင့် လုပ်ငန်းခွင်အတွင်းမှာ နောက်ကျော ဓါးနဲ့ထိုးသူတွေ များပါတယ်။ သူတို့တွေကို ဖြစ်နိုင်ရင် ရှောင်ကြဉ်စေချင်ပါတယ်။
Source: http://www.careertoolbelt.com/