ဒီဆောင်းပါးဟာ ကိုယ်ပိုင်ဝင်ငွေမရှိသေးတဲ့ ဆယ်ကျော်သက်လူငယ်တွေအတွက် ရည်ရွယ်ပြီး ဖော်ပြလိုက်ရခြင်းဖြစ်ပေမယ့် အသက်ရွယ်မရွေး ဗဟုသုတအနေနဲ့ ဖတ်ရှုနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ အဝတ်အစားကိုက ဘယ်အခြေအနေတွေမှာ အရေးပါပြီး ဘယ်လို သင့်တော်အောင် ဝတ်ဆင်သင့်လဲဆိုတာကို မသိသေးတဲ့ သူတွေအများကြီးရှိလို့ အသက်ရွယ်မရွေး အမျိုးသားတိုင်းလေ့လာနိုင်အောင် ဖက်ရှင်နဲ့ပတ်သက်တဲ့ Solid Information အချက်အလက်တွေကို အသုံးဝင်မယ်ထင်လို့ ထည့်သွင်းရေးသားပေးလိုက်ရခြင်းပဲဖြစ်ပါတယ်။

Source: Shutterstock

များသောအားဖြင့် လွဲမှားနေတာတစ်ခုက အဝတ်အစားဝယ်တဲ့အခါ ပိုက်ဆံပိုသုံးနိုင်လေ အဝတ်အစားကောင်းကောင်းရလေ ဆိုတာမျိုးပါ။ သင့်ပိုက်ဆံပေါ်မူတည်ပြီး သင့်ဖက်ရှင်ဒီဇိုင်း သင်ဝတ်ဆင်ထားမှုဟာ Sharp ဖြစ်လိမ့်မယ်လို့ ယူဆထားကြလို့ပါ။ အဲ့ဒီအချက်ကို သေသေချာချာလေးပြန်စဉ်းစားကြည့်ကြရအောင်။ တကယ်တော့ ကမ္ဘာ့အချမ်းသားဆုံးထိပ်တန်းစာရင်းဝင် သူဌေးတွေတောင် ဈေးကြီးတဲ့အဝတ်အစား Branded မှဆိုပြီး ဝယ်ဝတ်လေ့မရှိကြပါဘူး။

Source: Shutterstock

ဥပမာအားဖြင့် ထောက်ပြရမယ်ဆိုရင် Steve Jobs ၊ Walton မိသားစု ၊ Warren Buffett အပြင် Bill Gates တို့ Zuckerberg တို့တောင် အပေါ်မှာပြောခဲ့တဲ့ အယူအဆကို ငြင်းဆန်ပြီး ကိုယ်လိုသူလို သာမန်လူတန်းစားမျိုး ဝယ်ဝတ်နိုင်တဲ့ အဝတ်အစားမျိုးတွေကိုပဲ ဆင်ယင်ကြပါတယ်။ သူတို့တွေဟာ အရမ်းထက်မြတ်တဲ့သူတွေဖြစ်ပေမယ့် ဘဝကို Balance မျှအောင်နေတတ်တဲ့သူမျိုးတွေပါ။ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ဘယ်လောက် သဘောတွေမတိုက်ဆိုင်နိုင်ဘူးပဲပြောပြော သူတို့ဟာ တစ်ဖက်မှာလည်း သူတို့ရဲ့ Image အတွက် လူမြင်ကောင်းအောင်ဝတ်ဆင်ရမယ့်အပြင် တစ်ဖက်မှလည်း အဝတ်အစားအပေါ်မှာ ပိုက်ဆံတွေအများကြီးမဖြုန်းဘဲ ရိုးရှင်းစွာရှင်သန်နေတဲ့သူတွေဖြစ်လို့ အတုယူစရာလည်းကောင်းပါတယ်။

Source: Shutterstock

သိုပေမယ့် ကိုယ်ကဖက်ရှင်နဲ့ အသက်မွေးဝမ်းကျောင်းပြုရတဲ့ RunWay Model ဒါမှမဟုတ် Public Figure ဆိုရင်တော့ တစ်မျိုးပေါ့။ Style ဆိုတာ ပိုက်ဆံအများကြီးပေးပြီး ဝယ်ယူလို့ရတဲ့အရာ မဟုတ်ပါဘူး။ စတိုင်ဆိုတဲ့ ဘောင်ထဲဝင်သွားဖို့ တဖြည်းဖြည်း တိုးဝင်ရတာမျိုးပါ။ ဒီတော့ ဆယ်ကျော်သက်လူငယ်တွေကို Motivate လုပ်ပေးချင်တာက အဝတ်အစားကို ချင့်ချိန်ပြီး သူ့နေရာနဲ့သူ ဝတ်နိုင်ဖို့အတွက်ဆို ဈေးကြီးပေးပြီး ဝယ်ဝတ်စရာမလိုပါဘူး။ လူအများကြားမှာ ဝင်ဆံ့နိုင်ဖို့လောက်ထိပဲ လိုအပ်ပါတယ်။