အသေးစားလုပ်ငန်းရှင်တွေကတော့ သူတို့ရဲ့ဝန်ထမ်းတွေအတွက် အဝတ်အစားအတည်တကျ မသတ်မှတ်ထားပေမဲ့ သင်ဟာတနေ့ နယ်ပယ်တစ်ခုမှာ Professional အဖြစ်အသက်မွေးတော့မယ်ဆိုရင်တော့ Dress Code ကိုသိဖို့ လိုအပ်လာပါပြီ။ ဒီလိုသိထားခြင်းဟာ သင့်အတွက်အသုံးဝင်လာမှာပါ။

Source: Man of Many

Dress Code ကဘာလဲဆိုတာကို အရင်ပြောပြပေးချင်ပါတယ်။ သတ်မှတ်ထားတဲ့ Uniform ကိုဝတ်ခြင်းကိုဆိုလိုပါတယ်။ ဘာလို့ Dress Code တွေသတ်မှတ်ကြလဲဆိုတော့ အဖွဲ့စည်းတစ်ခုမှာ သဟဇာတဖြစ်ဖို့ရယ် တခြားသူဆီက Impression ကောင်းစေဖို့ရယ် ဖြစ်ပါတယ်။ Dress Code ဟာလည်း ဘာသာစကားတစ်ခုလိုပါပဲ။ ကိုယ်ရောက်ရှိနေတဲ့ လူ့အဖွဲ့အစည်းနဲ့ ကိုက်ညီတဲ့ အဝတ်အစားကို ရွေးချယ်ဝတ်ဆင်ဖို့လိုပါတယ်။ Dress Code နဲ့ပတ်သက်ပြီး သိသင့်တဲ့အချက်တွေကို ပြောပြပေးချင်ပါတယ်။ 

Source: stylemotivation.com

DressCode ဆိုပေမယ့် အမြဲ Formal ဖြစ်စရာမလိုပါဘူး။ အဓိက ကတော့ ကြည့်လိုက်တာနဲ့ သတ်သတ်ရပ်ရပ်ဖြစ်စေဖို့ပဲလိုပါတယ်။ နောက်ပြီး ကိုယ့်ဘာသာ Dress Code သတ်မှတ်လိုက်ခြင်းဟာ Pro ကျတဲ့လုပ်ရပ်တစ်ခုပါ။ လုပ်ဖော်ကိုင်ဖက်အချင်းချင်းက ကိုယ့်ကို စေ့စပ်သေချာသူလို့မြင်လာနိုင်ပြီး အထက်လူကြီးတွေရဲ့ယုံကြည်မှုကိုလည်းရစေနိုင်မယ့် အပြင် Customer တွေနဲ့ဆက်ဆံရာမှာလည်း First Impression ကိုရစေမှာဖြစ်ပါတယ်။ Dress Code ဟာ Business Language လိုပါပဲ။ ဘာသာစကားတူသူ အချင်းချင်းမှနားလည်စေသလို အဝတ်အစား ဝတ်ဆင်ပုံတူသူအချင်းချင်း အငြင်းပွားမှုမရှိစေမှာဖြစ်ပါတယ်။

Source: stylemotivation.com

ကိုယ့်ဝတ်ပုံစားပုံကိုကြည့်ပြီးဆုံးဖြတ်တဲ့ လူ့အဖွဲ့အစွဲ့အစည်းကြားမှာ နေနေသ၍ သင့်အတွက် Dress Code ဟာလိုနေမှာပါပဲ။ စီးပွားရေးလောကထဲ အခြေချမယ့်သူဆိုရင်တော့ ပိုတောင်လိုသေးတာပေါ့။ စီပွားရေးသမားမှမဟုတ်ပါဘူး ကွီးတို့ဘီးကျဲဖြစ်လာတဲ့ တစ်နေ့ကျရင် Pro ဆန်ဆန်နေနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ရခြင်းပဲ ဖြစ်ပါတယ်။