Dolly Parton ဟာ ပြီးခဲ့တဲ့ ၁၉၇၀ ခုနှစ်တွေထဲက Music Industry ထဲမှာ ရှိနေခဲ့တဲ့ ဂန္တဝင်အဆိုတော်ကြီးတစ်ယောက်ဖြစ်ပြီး အခုနောက်ပိုင်းမှာ အချိန်တွေကြာမြင့်လာတာနဲ့အမျှ သူမရဲ့ သီချင်းတွေကို သိပ်ပြီး မတွေ့ရတော့ပါဘူး။

Source: music-news.com

ဒါပေမယ့်လည်း အခုအချိန်မှာတော့ Dolly ဟာ အသက်ကြီးပေမယ့် သီဆိုနိုင်စွမ်း မကျသွားသေးဘူးဆိုတာကို လတ်လတ်ဆက်ဆက် သီချင်းအသစ်တစ်ပုဒ်ကို ချပြပြီးတော့ ပြသလိုက်ပြီဖြစ်ပါတယ်။ အခုသီချင်းရဲ့ နာမည်ကိုတော့ Here I Am လို့ နာမည်ပေးထားပြီး အခုအချိန်မှာ Audio ထွက်ရှိလာပြီပဲဖြစ်ပါတယ်။

ဒီနေရာမှာ တစ်ခုထူးခြားတာကတော့ ဒီ Here I Am သီချင်းဟာ Dolly ရဲ့ ၁၉၇၁ မှာထွက်ရှိခဲ့တဲ့ Coat of Many Colors LP ထဲက သီချင်းတစ်ပုဒ်ဖြစ်ပြီးတော့ ယခုအချိန်မှာတော့ Dolly ဟာ Sia နဲ့အတူ တွဲဖက်ပြီး သီဆိုခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဂန္တဝင်မြောက်တဲ့ အဆိုတော်ကြီး Dolly Parton နဲ့ တမူထူးခြားတဲ့အသံပိုင်ရှင် Sia တို့ တွဲဖက်ထားတဲ့ ဒီသီချင်းဟာ လုံးဝကို ဆန်းသစ်နေပြီး ကျိန်းသေနားထောင်ကြည့်သင့်တဲ့သီချင်းတစ်ပုဒ်ဖြစ်လာပါတယ်။

Source: music-news.com

ဒါပေမယ့် အခုသီချင်းဟာ Anne Fletcher ရိုက်ကူးမယ့် ရုပ်ရှင် Dumplin ထဲက ဇတ်ဝင်သီချင်းဖြစ်ပြီး အခု ရုပ်ရှင်ကိုကြည့်ချင်တယ်ဆိုရင် Netflix ကနေ ဒီနှစ်နောက်ပိုင်းမှာ ပြသသွားမယ်လို့ သိရပါတယ်။