လူတွေဟာ ဒေါသထွက်လာချိန်မှာ ဘာကိုမှမမြင်တော့ဘဲ ပြောချင်ရာပြော လုပ်ချင်ရာ လုပ်တတ်ကြပါတယ်။ ဒေါသထွက်နေချိန်မှာ ဘာကို ထိန်းထိန်းသိမ်းသိမ်းပြောရမယ်၊ ဘာကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရမယ်ဆိုတာတွေကို မေ့လျော့ပြီး မပြောသင့်တာတွေ ပြောမိလုပ်မိတတ်ကြပါတယ်။ ဒီတော့ ဒေါသထွက်နေပြီဆိုရင် ဘယ်လိုအပြုအမူတွေကိုရှောင်ရှားရမလဲ။

ကမူးရှူးထိုး ပြောဆိုလိုက်တာမျိုး မလုပ်ပါနဲ့

Source: focusforwardcc.com

ဒေါသထွက်သွားတာနဲ့ တစ်ခါတည်း စိတ်ထဲရှိရာ ကမူးရူးထိုး ပြောတတ်တဲ့အကျင့်ကို ရှောင်ပါ။ ကိုယ်က ဒေါသထွက်ချိန်မှာ စိတ်မထိန်းလိုက်ဘဲ စိတ်ထဲရှိတဲ့အတိုင်း ပြောချလိုက်တဲ့အခါမှာ တစ်ဖက်ကမှားနေခဲ့သည့်တိုင်အောင် မစဉ်းစားဘဲ ပြောလိုက်တာဖြစ်တဲ့အတွက် ကိုယ့်အမှားဖြစ်သွားပါလိမ့်မယ်။

ကိုယ်ထိလက်ရောက် ပေါက်ကွဲတာမျိုးရှောင်ပါ

Source: i2.wp.com/compassionateman.com

ဒေါသထွက်သွားတာနဲ့ ကိုယ်ထိလက်ရောက် ပေါက်ကွဲပစ်လိုက်တာမျိုးလည်း မလုပ်သင့်ပါဘူး။ ပညာရှိအမျက် အပြင်မထွက်ဆိုတဲ့ ထုံး နှလုံးမူပြီးတော့ လက်ပါခြေပါ ဒေါသပေါက်ကွဲပစ်လိုက်တာမျိုးကို အတတ်နိုင်ဆုံးရှောင်ပါ။ သွေးအေးသွားချိန်မှာ နောင်တရသွားမယ့် ကိစ္စမျိုး ဖြစ်လာနိုင်လို့ပါ။

ဆုံးဖြတ်ချက်မချလိုက်ပါနဲ့

Source: communicerenmetcom

စိတ်ဆိုးဒေါသထွက်နေချိန်မှာ ဆုံးဖြတ်ချက်ချတာမျိုးရှောင်ကြဉ်ပါ။ များသောအားဖြင့် ဒေါသထွက်နေချိန်မှာချလိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာ မှားယွင်းတတ်လို့ပါ။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေဆို ပိုပြီးတော့ နစ်နာဆုံးရှုံးသွားမှာ ဖြစ်တဲ့အတွက် အတတ်နိုင်ဆုံးတော့ ဒေါသဖြစ်နေချိန်မှာ စိတ်ခံစားချက်ကိုလိုက်ပြီး ဆုံးဖြတ်ချက်မချလိုက်ပါနဲ့။