Drake ဟာ လက်ရှိအချိန်မှာ အအောင်မြင်ဆုံးဖြစ်နေတဲ့ Rapper အဆိုတော် တစ်ယောက်ဆိုရင်လည်းးမမှားပါဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ Drake ရဲ့ အောင်မြင်မှုက နာမည်ကြီး Rock Band ဖြစ်တဲ့ The Beatles ကိုတောင် ကျော်သွားပြီဖြစ်ပါတယ်။

အခုလိုမျိုးအောင်မြင်မှုက Billboard ကနေရရှိလာတာဖြစ်ပြီးတော့ Drake ဟာ ၁ နှစ်အတွင်းမှာ Hot 100 Top 10 Songs တွေရရှိတာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအတွက် The Beatles ရဲ့ ၁၉၆၄ ခုနှစ်မှာရရှိခဲ့တဲ့ Record ကိုလည်း ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။ အခုရလဒ်ဟာ Drake ရဲ့ ပြီးခဲ့တဲ့အောက်တိုဘာလ ၂၄ ရက်မှာ ကျရောက်ခဲ့တဲ့ ၃၂ နှစ်ပြည့်မွေးနေ့မတိုင်ခင်မှာ ရရှိခဲ့တာဖြစ်တဲ့အတွက် Drake အတွက်တော့ မွေးနေ့လက်ဆောင်တစ်ခုလို့တောင်ပြောလို့ရပါတယ်။

Drake ရဲ့ အောင်မြင်မှုဟာ လက်ရှိအချိန်မှာ အလွန်ကြီးမားနေတယ်လို့ ပြောလို့ရပြီးတော့ နှစ်တိုင်းကို ပိုပြီးအောင်မြင်လာတာဖြစ်ပါတယ်။ သူသီဆိုတဲ့သီချင်းတွေ၊ Music Video တွေကလည်း အမြဲတမ်းအောင်မြင်မှုတွေကို ရရှိနေပြီးတော့ အခြားသော စီးပွားရေးလုပ်ငန်းတွေမှာလည်း အောင်မြင်နေတာပါ။

Drake ရဲ့ ဒီနှစ်ထဲမှာ အအောင်မြင်ဆုံးသီချင်းတွေကို ပြောပါဆိုရင် “In My Feelings” “Nonstop” “Mob Ties” နဲ့ အခြားသော သီချင်းပေါင်းများစွာကို ပြောရမှာဖြစ်ပြီး မြန်မာနိုင်ငံက ပရိသတ်တွေလည်း အကြိုက်တွေ့တဲ့သီချင်းတွေဖြစ်ပါတယ်။