ပရီးမီးယားလိဂ်ဆိုတာ ဘောလုံးပြိုင်ပွဲတွေအထဲမှာ အခက်ခဲဆုံးသက်ကွင်းတစ်ခုလို့တောင်ပြောလို့ရပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပွဲစဉ်တွေနဲ့အတူ ကြမ်းတမ်းလှတဲ့ ဖြတ်ထုတ်မှုတွေကိုပါ ပရီးမီးယားလိဂ်မှာ အများအပြားတွေ့နိုင်လို့ပါ။ ဒီလိလိဂ်မျိုးမှာ အလိမ်အခေါက်ကောင်းကောင်းနဲ့ မိမိ Skill ကိုပြဖို့ဆိုတာလည်း မလွယ်လောက်ပါဘူး။ စွဲမက်ဖွယ်ကစားဟန်၊ လျှင်မြန်တဲ့ပြေးနှုန်းတွေနဲ့ လန်ဒန်ကလပ် ချယ်ဆီးအသင်းရဲ့ ဂိုးသွင်းမုဆိုးအဖြစ် တာဝန်ယူထားတဲ့ဟာဇတ်ရဲ့အကြောင်းလေးကို နည်းနည်းပြောပြပေးသွားမှာဖြစ်ပါတယ်။

(၁) ဟာဇတ်ဟာ ဘက်ဂျီလီယံလက်ရွေးစင်အသင်းမှာ မကစားခင်တုန်းက ပြင်သစ်အသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ဟာဇတ်က ပယ်ချပြီး မိခင်နိုင်ငံ ဘက်ဂျီလီယံကိုပဲ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

Source: express.co.uk

(၂) သူဟာ ယူရို (၂၀၁၂) ခြေစစ်ပွဲတွေကနေစပြီး ဘယ်ဂျီယံ လက်ရွေးစင်အသင်းမှာ စတင်ကစားခဲ့ရတာဖြစ်ပါတယ်။

(၃) သူဟာ တချိန်က နာမည်ကြီးခဲ့တဲ့ တိုက်စစ်မှူးဘာဘာတော်ဗ်ချန်ထားခဲ့တဲ့စံချိန်ကိုလည်း လိုက်နိုင်ခဲ့ပါတယ်။ ဒါဟာတော့ ပရီးမီးယားလိဂ်မှာ ပင်နယ်တီကနေတစ်ဆင့် ကိုးကြိမ်ဆက်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source: express.co.uk

(၄) ဟာဇတ်ရဲ့ အမေကလည်း ဘောလုံးသမားဟောင်းတစ်ယောက်ဖြစ်ပါတယ်။ ဟာဇတ်ကို ကိုယ်ဝန်ဆောင်ချိန်မှာတော့ သူမဟာ ဘောလုံးလောကကို စွန့်ခွာခဲ့ပါတယ်။

(၅) သူဟာ ဘောလုံးကစားရမှာသာ ထူးချွန်တာမဟုတ်ဘဲအကကရာမှာလည်း တမူထူးခြားကျွမ်းကျင်ပါတယ်။ သူရဲ့ အကဗီဒီယိုတွေကိုတော့ Youtube နဲ့ လူမှုကွန်ရက်တွေမှာတင်လေ့ရှိပါတယ်။

Source: express.co.uk

(၆) ဟာဇတ်ဟာ ဘက်စဘက်ဘောကစားတာကိုလည်း ၀ါသနာပါပါတယ်။ သူဟာ NBA ပွဲစဉ်တွေကို မလွတ်တမ်းကြည့်ရှုတတ်တာဖြစ်ပြီး အားလပ်ချိန်ရရင်လည်း သူငယ်ချင်းတွေနဲ့အတူဘက်စကတ်ဘောကစားတတ်ပါတယ်။

နည်းပြအပြောင်းအလဲအသစ်တွေ၊ ကစားသမားဝယ်ယူမှုအသစ်တွေနဲ့ချယ်ဆီအသင်းနဲ့အတူ ဟာဇတ်ဘယ်လောက်ထိ တောက်ပအုံးမလဲဆိုတာ စောင့်ကြည့်ရအောင်ဗျာ….