ပရီးမီးယားလိဂ်မှာ ဂိုးတွေတဖုန်းဖုန်းသွင်းခဲ့တဲ့ သူရဲကောင်းအကြောင်းတွေပြောမယ်ဆိုရင် ချယ်ဆီးတိုက်စစ်မှူးဟောင်းဒရော့ဘာကို မေ့ထားလို့မရပါ။ (၂၀၀၄) ခုနှစ်ချယ်ဆီးအသင်းကိုရောက်ရှိချိန်မှာတော့ သူရဲ့သတင်းဟာပိုပိုပြီးကြီးလာခဲ့ပါတယ်။ ဒရော့ဘာအကြောင်းတချက်လောက်ကြည့်ကြရအောင်…

Source: walldevil.com

(၁) သူရဲ့နိုင်ငံအသင်းကတော့ အိုင်ဗရီကိုစ်ဖြစ်ပြီး ဦးလေးဖြစ်သူနဲ့အတူ ပြင်သစ်နိုင်ငံမှာကြီးပြင်းခဲ့တာပါ။ သူဟာ နိုင်ငံအသင်းနဲ့အတူ ကမ္ဘာ့ဖလားသုံးကြိမ်ဆက်တိုက်ဝင်ရောက်ကစားခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။

(၂) သူဟာ ချယ်ဆီးမှာ ကစားတဲ့ (၈) ရာသီအတွင်းမှာ သွင်းဂိုးများစွာသွင်းယူးပေးခဲ့ပြီး (၂၀၀၄)  ကနေ (၂၀၁၂) ကြားမှာ တစ်ရာသီကို ပျမ်းမျှ (၃၇) လောက်သွင်းယူပေးထာတာဖြစ်ပါတယ်။

Source: walldevil.com

(၃) သူဟာ နိုင်ငံချစ်စိတ်ပြင်းထန်တဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး ဒဏ်ရာရနေရင်တောင်အသင်းအတွက် အကောင်းဆုံးပေးဆပ်ချင်သူတစ်ယောက်ဖြစ်ပါတယ်။ သစ္စာရှိတဲ့စိတ်ရယ်၊ ဘောလုံးပါရမီရယ်က သူကို အမြင့်ကို တတ်စေခဲ့တာပါ။

(၄) အာဖရိကတိုက်သားတစ်ယောက်ဖြစ်တဲ့သူဟာ ထိုနိုင်ငံတွေမှာ အဖြစ်များနေတဲ့ ငှက်ဖျားရောဂါအတွက်လည်း ဖောင်ဒေးရှင်းတွေထောင်းပြီး လှူဒါန်းမှုတွေပြုလုပ်ပါတယ်။ စက္ကန့် (၆၀) တိုင်းလူတစ်ယောက်ဟာ ငှက်ဖျားရောဂါကြောင့် အသက်ဆုံးပါးနေတာလည်းဖြစ်ပါတယ်။

Source: walldevil.com

(၅) သူဟာ ပရီးမီးယားလိဂ်မှာ ဂိုး (၁၀၀) ကျော်သွင်းတဲ့ အာဖရိကကစားသမားတစ်ယောက်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

(၆) သူဟာ ချယ်ဆီးအသင်းနဲ့အတူ ဖလားများစွာဆွတ်ခူးနိုင်ခဲ့ပြီး ချယ်ဆီးအသင်းရဲ့ ဂိုးသွင်းစက်ရုပ်အဖြစ်ချယ်ဆီးပရိသက်အားလုံးက ယနေ့တိုင်အမှတ်ရနေတာဖြစ်ပါတယ်။