ယောကျာ်းလေးတွေအနေနဲ့ ဝတ်စားဆင်ယင်မှုက သိပ်ကိုအရေးပါပါတယ်။ တစ်ဦးနဲ့တစ်ဦး စတင်တွေ့ဆုံချိန်မှာ ပထမဆုံး သတိထားမိတဲ့အရာက လူတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုပုံစံပါပဲ။

Source: Shutterstock

စတွေ့ချိန်မှာ ရှင်းသန့်သပ်ရပ်နေပြီး ခန့်ညားနေမယ်ဆိုရင် မြင်သမျှလူတိုင်းက အမှတ်ပြည့်ပေးနေတော့မှာပါ။ ဒီတော့ ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဝတ်စားဆင်ယင်မှုက ဘယ်လို ပုံစံမျိုးလဲ။

Source: Shutterstock

ပေါ့ပေါ့ပါးပါးနဲ့ မြင်ရသူကို အေးငြိမ်းစေတဲ့ ဖက်ရှင်က သင့်အတွက် အရိုးဆုံးနဲ့ အရှင်းဆုံးပါပဲ။ ဒီလို ဝတ်စားဆင်ယင်မှုပုံစံမျိုးက မြင်ရသူကို အေးငြိမ်းစေသလို ဝတ်ရတဲ့ သင်ကိုယ်တိုင်လည်း စိတ်ကို ရှင်းကြည်နေစေပါတယ်။ ခု နောက်ပိုင်းလည်း ခေတ်ဆန်ဆန်နဲ့ ပေါ့ပါးတဲ့ ဖက်ရှင်က အရမ်းခေတ်စားလာပြီမို့ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ရတဲ့ ဖက်ရှင်အမျိုးအစားကိုသာ ရွေးချယ်ဝတ်ဆင်ဖို့ တိုက်တွန်းပါရစေ။

Source: Shutterstock

တမင်တကာ Over လုပ်နေတဲ့ ပုံစံကိုရှောင်ပါ။ ကိုယ်က ဖက်ရှင်ပုံရိုက်နေတာ မဟုတ်ဘဲ လူတွေကြားထဲ သွားလာနေရတာဖြစ်တဲ့အတွက် အိုဗာအိုက်တင်တွေ နဲ့ အိုဗာဝတ်စားဆင်ယင်မှုစတိုင်တွေကို လျှော့ပါ။ ပြီးတော့ နိုင်ငံခြား ကတ်တလောက်ထဲက ဝတ်စားဆင်ယင်မှုတွေကို သိပ်အတုမခိုးပါနဲ့။ ဒီလို ပူအိုက်နေတဲ့အချိန်ကြီးမှာ သူတို့ဆီကလို အဝတ်ဖားဖားကြီးဝတ်ဖို့ဆိုတာ မြင်ရတာ အတော်ကသိကအောက်နိုင်တဲ့ ပုံစံမျိုးပါ။ ပေါ့ပါးလွတ်လပ်တဲ့ ဖက်ရှင်စတိုင်နဲ့သာ နွေရာသီကို ဖြတ်သန်းပါ။

Source: Shutterstock

အရောင်ငြိမ်ငြိမ် သို့မဟုတ် အရောင်တောက်တောက်ကို ရွေးချယ်ဝတ်ဆင်ပါ။ဆိုလိုတာက တောမကျ တောင်မကျ အရောင်တွေ မဝတ်ပါနဲ့ ။ ငြိမ်ရင်လည်း ငြိမ်ပစ်လိုက်ပြီး တောက်မယ်ဆို တောက်ပစ်လိုက်ပါ။ ဒါမှ သင့်ရဲ့ ဖက်ရှင်ဟာ မြင်ရသူရဲ့ရင်ထဲကို တန်းခနဲ ဝင်ရောက်သွားမှာပါ။ ကိုးလိုးကန့်လန့် အေ၇ာင်တွေဟာ ဝတ်ဆင်ရသူကိုလည်း စိတ်မှိုင်းစေသလို မြင်ရသူကိုလည်း စိတ်ရှုပ်ထွေးစေပါတယ်။

Source: Shutterstock