လှုပ်လှုပ်ရှားရှားနေထိုင်ခြင်းဟာ ကျန်းမာရေးအတွက်  အလွန်ကောင်းတဲ့ အပြုအမူဖြစ်ပါတယ်။ ကိုယ်က အားကစားခန်းမကို အချိန်ပေးပြီး မသွားနိုင်သူမို့ အိမ်မှာနေရင်း လေ့ကျင့်ခန်းလေးတွေလည်း လုပ်ချင်တယ်။ အိမ်မှာ လေ့ကျင့်ခန်းလုပ်မှာဖြစ်တဲ့အတွက် ကိရိယာအလွတ်အနေနဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေမဟုတ်ဘဲ  ဘယ်လို လေ့ကျင့်ခန်းတွေက အကောင်းဆုံးဖြစ်မလဲဆိုတာကို အောက်မှာဖော်ပြပေးလိုက်ပါမယ်။

သွေးပူလေ့ကျင့်ခန်းတွေ

Source:https://images.agoramedia.com/

ပထမဦးဆုံး အိပ်ယာက နိုးလာပြီး လေ့ကျင့်ခန်းတွေ လုပ်တော့မယ်ဆိုရင် သွေးပူလေ့ကျင့်ခန်းကို အရင်စတင်လုပ်ပါ။ သွေးပူလေ့ကျင့်ခန်းဆိုတာကတော့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မစတင်ခင်မှာ အရင်ပျိုးထားတဲ့ လေ့ကျင့်ခန်းပုံစံပါ။

Source: https://cdn-mf0.heartyhosting.com/sites/mensfitness.com/

အေရိုးဗစ်လေ့ကျင့်ခန်းတွေ

Source: http://meieliigume.ee/

လွယ်ကူရိုးရှင်းပြီး စည်းချက်တွေနဲ့အတူ ပေါ့ပေါ့ပါးပါး ကခုန်ကစားရတဲ့ လေ့ကျင့်ခန်းပါ။ ပေါ့ပေါ့ပါးပါး ကစားရတာဖြစ်ပြီး ကျန်းမာရေးအတွက်လည်း ကောင်းမွန်သလို ဟဲဗီးကြီးတွေ မဟုတ်တဲ့အတွက် ရောဂါသည်တွေတောင် ကစားလို့ရတဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုလေ့ကျင့်ခန်းပါပဲ။

အသက်ရှူသွင်း ရှူထုတ်လေ့ကျင့်ခန်းတွေ

Source: https://tikis.fi/wp-content/

မနက်မိုးလင်း နိုးထချိန်စောစောမှာ လေကောင်းလေသန့်ရနိုင်တဲ့ နေရာတစ်ခုဆီမှာ အသက်ရှူလေ့ကျင့်ခန်းကို လုပ်ပေးသင့်ပါတယ်။ လေကို ခပ်မျဉ်းမျှဉ်းရှူလိုက် ခပ်ပြင်းပြင်း ရှူလိုက်ရင်း လေ့ကျင့်ခန်းတွေနဲ့ အသက်ကို ဆွဲဆန့်လိုက်တာပါ။ လေကောင်းလေသန့်ရသလို အဆုတ်အတွက်လည်း အရမ်းကောာင်းသလို အမောလည်း ခံနိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။