ပိုက်ဆံကုန်စေမယ့် အကျင့်ဆိုးတွေကို ဖျောက်ပါ

Source: https://www.goalcast.com/

အားအားရှိ အပျော်အပါးမက်နေတဲ့ စိတ်တွင်းထဲက အကျင့်ဆိုးတွေကို ဖျောက်ဖျက်ပစ်လိုက်ပါ။ အဲဒါတွေက သင့်ရဲ့ အောင်မြင်မှုလမ်းကြောင်းတွေကို ဖျက်ဆီးနေတာပါပဲ။ ပိုက်ဆံကုန်စေမယ့် အပျော်အပါးတွေနဲ့ပဲ ပျော်မြူးနေတဲ့ အကျင့်ဆိုးတွေကို ဒီနေ့က စပြီး မရရအောင် ဖျောက်ပစ်ပါ။

အချိန်ကို ကောင်းကောင်းစီမံခန့်ခွဲတတ်ပါ

Source: https://www.heinzmarketing.com/

အချိန်ကို ကောင်းကောင်းစီမံ ခန့်ခွဲတတ်ဖို့ကလည်း အရေးကြီးပါတယ်။ အချိန်ကိုသာ ကောင်းကောင်းစီမံမခန့်ခွဲနိုင်ဘူးဆိုရင် တစ်နေ့တာလုံးသာ ကုန်ဆုံးသွားတယ်။ ဘာရလဒ်ကောင်းမှ ထွက်လာနိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ ဘာပြီးရင် ဘာလုပ်မယ်။ ဘယ်အချိန်မှာ ဘာပြီးနေရမယ် စတဲ့ အချိန်တွေကို ကိုယ့်ဘာသာကိုယ် ကောင်းကောင်း စီမံတတ်ဖို့လည်း လိုပါတယ်။

လုပ်သမျှအလုပ်အပေါ် စေတနာထားပါ

Source: https://images.yourstory.com/

လုပ်သမျှ အလုပ်တိုင်းကို စေတနာထားမှ ကောင်းတဲ့ရလဒ်တွေ ထွက်ပေါ်လာမှာပါ။ စေတနာမထားပဲ ပြီးပြီးရော လုပ်လိုက်ရင်တော့ ဘယ်တော့မှ ရလဒ်ကောင်းမထွက်ပါဘူး။ ဒီတော့ ကိုယ်လုပ်သမျှ ကောင်းစေချင်ရင် ကိုယ့်ကိုယ်ကိုယ် အောင်မြင်ချင်ပါတယ်လို့ တွေးထင်ထားတယ်ဆိုရင် လုပ်သမျှတိုင်းကို စေတနာထားမှ ဖြစ်ပါမယ်။

ကိုယ် တကယ်သိနားလည်တဲ့ လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံပါ

Source: https://www.emergenetics.com/

ရင်းနှီးမြုပ်နှံမှုတစ်ခုခု ပြုလုပ်ဖို့ စိတ်ဆန္ဒရှိတယ်။ တကယ်လည်း ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် ကိုယ်တကယ် တတ်ကျွမ်းပြီး သိနားလည်တဲ့ အလုပ်နယ်ပယ်မှာပဲ ရင်းနှီးမြှုပ်နှံဖို့ အကြံပေးပါရစေ။ ဘာမှ မသိမနားလည်တဲ့ နယ်ပယ်ရပ်ဝန်းတစ်ခုခုမှာ သွားပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုရင်တော့ သင့်အတွက် ယောင်လည်လည်ဖြစ်နေမှာပါ။ ငွေအရင်းလည်း ပလုံသွားဖို့များပါတယ်။