လူတွေအနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် အသားစားဖို့လိုအပ်တယ်လို့ ထင်ပါသလား။ အသားစားခြင်းရဲ့ အကျိုးက ဘာအတွက်ပါလဲ။ လူတွေ ဘာ့ကြောင့် အသားစားနေကြတာလဲ။ ကိုယ် စားသုံးနေတဲ့ အသားက ကိုယ့်ကို ဘာတွေကောင်းကျိုးပေးလဲ ၊ ဘယ်လိုဆိုးကျိုးတွေရှိလဲဆိုတာ ခုပဲ ကြည့်ကြရအောင်။

Source: sayssavannah.com

အသားတွေထဲက အဆီ

Source: GOBankingRates

အသားတွေမှာပါဝင်တဲ့ အဆီအမျိုးအစားဟာ ချေဖျက်ဖို့ မလွယ်ကူတဲ့ အဆီအမျိုးအစားတွေဖြစ်ပါတယ်။ အဲဒီအဆီတွေရဲ့ အကျိုးသက်ရောက်မှုက နှလုံးရောဂါဖြစ်နိုင်ချေကို မြင့်တက်စေတာပါပဲ။ ဒါ့ပြင် rheumatic သမားတွေ လုံးဝရှောင်ရမယ့် arachidonic acid လို့ခေါ်တဲ့ amino acid ပမာဏလည်း မြင့်မြင့်မားမားပါဝင်နေပါတယ်။

အသားတွေက ကျန်းမာရေးအထောက်အကူပြုလား

Source: Vox

ဒီလို အန္တရာယ်အချက်တွေရှိပေမယ့်လည်း အသားကို စိတ်ချလက်ချစားနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အသားတွေကလည်း ကျန်းမာရေးကို  အထောက်အကူပြုနိုင်လို့ပါပဲ။ ဒါပေမယ့် အဆီတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်စေချင်ပါတယ်။

အသားတွေထဲက အကောင်းဆုံးအသား

Source: marthamckittricknutrition.com

အမဲသားဟာ အကောင်းဆုံး သံဓာတ်အရင်းအမြစ်ဖြစ်ပြီး Zinc နဲ့ ဗီတာမင်ဘီဓာတ်တွေလည်း ကြွယ်ဝပါတယ်။ ဝက်သားကတော့ ဗီတာမင်ဘီကို ထောက်ပံ့ပေးပြီး သံဓာတ် ၊ ဇင့် နဲ့ selenium တို့လည်း ပါဝင်ပါတယ်။ ဒါပေမယ့် အဆီနဲ့ အခေါက်ကိုတော့ ရှောင်သင့်ပါတယ်။ ကြက်သားကတော့ အနီရောင်အသားတွေနဲ့ ယှဉ်ရင် ဇင့်နဲ့ သံဓာတ်နှစ်မျိုးကိုတောင် တစ်ဝက်စီလောက်ပဲပါဝင်တယ်ဆိုပေမယ့် selenium ကတော့ ကြွယ်ကြွယ်ဝဝ ပါဝင်ပါတယ်။

Source: Live AnabolicLive Anabolic

ကြက်သားစားရင်တော့ အရေခွံကိုဖယ်ပြီး စားဖို့လိုပါတယ်။ နေရာတိုင်းမှာ ဥာဏ်နဲ့ချင့်ချိန်တာ အကောင်းဆုံးပါပဲ။ ဒါပေမယ့် လူတစ်ယောက်ဟာ တစ်နေ့ကို အသား ၇၅ ဂရမ် ဒါမှမဟုတ် ၃အောင်စထက်တော့ ပိုပြီး မစားသင့်ပါဘူး