Ed Sheeran ဆိုတာကတော့ လူတိုင်းကြိုက်တဲ့အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ Pop သီချင်းတွေက ဘယ်အချိန်ပဲနားထောင်နားထောင် ချိုမြိန်တဲ့အသံနဲ့ စာသားတွေက မကြိုက်တဲ့သူမရှိရလောက်အောင်ကို ဆွဲဆောင်ထားနိုင်တာဖြစ်ပါတယ်။

Over the weekend, Boston Children’s welcomed special guest Ed Sheeran! The award-winning singer/songwriter answered…

Posted by Boston Children's Hospital on Monday, September 17, 2018

အခုလည်း ပြီးခဲ့တဲ့ ရက်သတ္တပတ်ပိုင်းတုန်းက Ed Sheeran က အလွန်ကောင်းမွန်တဲ့ကိစ္စရပ်တစ်ခုကို ပြုလုပ်ခဲ့ပြီးတော့ အဲ့ဒါကတော့ ဘော်စတွန်မြို့ ကလေးဆေးရုံမှာရှိတဲ့ Ryan Seacrest Studios ကို အလည်သွားပြီး နေမကောင်းဖြစ်နေတဲ့ကလေးငယ်တွေကို အားပေးစကားပြောကြားခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ ကလေးငယ်တွေနဲ့တွေ့ဆုံတဲ့အချိန်မှာလည်း Ed ဟာ သူရဲ့ အကြိုက်ဆုံး The Lion King နဲ့ Finding Nemo လို ရုပ်ရှင်တွေအကြောင်းနဲ့ သူ့ရဲ့ ဆံပင်ကို အရောင်ဆိုးမဆိုးတွေကိုပါ ပြောပြသွားခဲ့တာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Ed ဟာ သူ့ရဲ့ လက်စွဲတော်ဂစ်တာကို ဆွဲယူပြီးတော့ ကလေးငယ်တွေကို သူ့ရဲ့ Perfect သီချင်းနဲ့ Acoustic Version ဖျော်ဖြေပေးခဲ့သလို ကလေးငယ်တွေနဲ့လည်း Selfie ရိုက်ကူးခဲ့သေးတယ်လို့ သိရပါတယ်။

Ed Sheeran ဟာ လက်ရှိအချိန်မှာ အသက် ၂၇ နှစ်ရှိနေပြီဖြစ်ပြီးတော့ တကယ်ကို အောင်မြင်တဲ့ Pop အဆိုတော်တစ်ယောက်ဖြစ်လာတယ်ဆိုရင်လည်း မမှားပါဘူး။ သူဟာ နောက်ဆုံးအနေနဲ့ “÷” Album ကို ထုတ်ခဲ့တာဖြစ်ပြီးတော့ လက်ရှိအချိန်အထိတော့ နောက်ထပ် Single Album အသစ်ထွက်ရှိထားခြင်းမရှိသေးပါဘူး။