EDM Music အကြောင်းကို လူတော်တော်များများ သိထားကြပြီးဖြစ်မှာပါ။ Electronic Dance Music လို့ အရှည်ကောက်အဓိပ္ပါယ်ရပါတယ်။ လွတ်လပ်ပြီး ပျော်တတ်တဲ့ လူတိုင်းက EDM ကို နှစ်သက်သဘောကျပါတယ်။ ၂၀၀၅ ခုနှစ်ခန့်လောက်မှစပြီး EDM Festival တွေ၊ EDM Music တွေကပိုပြီး ခေတ်စားလာပါတယ်။ ဒီအပေါ်လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကလည်း အရမ်းကို နှစ်သက်ပြီး ပျော်ရွှင်စွာ ဆင်နွှဲကြတာကို တွေ့ရှိရပါတယ်။

ဒါပေမယ့် ပွဲလက်မှတ်တွေက တတ်နိုင်တဲ့သူ၊ မတတ်နိုင်တဲ့သူတွေနဲ့ အိမ်က ခွင့်ပြုချက်မရလို့ သွားခွင့်မရတဲ့သူတွေရှိနေတာကို တွေ့ရပါတယ်။ ဘယ်လိုအခြေအနေမျိုးတွေကြောင့် ကိုယ်ကြိုက်နှစ်သက်တဲ့ EDM Festival တွေကို မသွားဖြစ်ခဲ့တဲ့သူတွေအတွက် တစ်ယောက်တည်း ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ ပိုပြီးမိုက်တဲ့ EDM သီချင်းတွေကို နားထောင်လို့ရအောင် EDM သီချင်းတွေကို ပြန်လည်ကာ Remix လုပ်ထားတဲ့ အမိုက်စား Channel သုံးခုကို မိတ်ဆက်ပေးပါ့မယ်နော်။

EDM သီချင်းတွေမှာ Trap၊ Dubstep၊ Trance နဲ့ House ဆိုပြီး ယေဘုယျအမျိုးအစားတွေကွဲပြားပါတယ်။ ဘယ်လိုပဲ ကွဲပြားနေပါစေ EDM Music အတွက် နားထောင်လို့ကောင်းတဲ့ Channel လို့ပြောလိုက်ရင်ကို Trap Nation၊ Proximity နဲ့ Mrsuicidesheep တို့ကိုပဲ ပြေးမြင်ယောင်လိုက်ပါ။

Trap Nation

Trap Nation ဟာဆိုရင် Trap EDM Version တွေကို ကြိုက်နှစ်သက်တဲ့သူတွေ အကြိုက်တွေ့စေမယ့် EDM Remix Channel တစ်ခုပဲဖြစ်ပါတယ်။ စတင်ပြုလုပ်ခဲ့တဲ့အချိန်ကတော့ ၂၀၁၂ခုနှစ်ကနေစပြီးတော့ အခုလက်ရှိအချိန်အထိ EDM Music နဲ့ Trap Genre ကို နှစ်သက်ကြတဲ့ လူငယ်တွေတိုင်း တစ်ခဲနက်အားပေးကြတဲ့ Channel တစ်ခုလည်းဖြစ်ပါတယ်။ Remix တွေတိုင်းကို အမိုက်ဆုံးနဲ့ အကြမ်းဆုံး တင်ဆက်နိုင်ခဲ့တဲ့အတွက် အခုဆိုရင် Follower ပေါင်း သန်း ၂၀ ရှိလို့နေခဲ့ပါပြီ။ Trap Nation Channel မှ အမိုက်ဆုံး Remix Collections တွေကို နားထောင်ချင်တယ်ဆိုရင်တော့ Youtube Channel အပြင် Spotify နဲ့ SoundCloud တို့မှာလည်း နားဆင်လို့ရပါသေးတယ်။

Proximity

Proximity ကတော့ Remix တွေ သီးသန့်ချည်းပဲမဟုတ်ပဲ အခြားနောက်ဆုံးပေါ်ထွက်နေတဲ့ EDM တွေကိုပါ တင်ဆက်ပေးနေတဲ့ EDM Channel တစ်ခုဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်က Trap Music မျိုးကို ကြိုက်နှစ်သက်တဲ့သူမဟုတ်ဘူးဆိုရင်တော့ Proximity ကို နားထောင်ကြည့်စေချင်တယ်။ တကယ်လည်း အကြိုက်တွေ့စေမယ့် Channel တစ်ခုဖြစ်မှာပါ။ Proximity Channel ဟာဆိုရင် Trap Nation လောက်နီးပါးကို ကြိုက်နှစ်သက်တဲ့သူများနေပါတယ်။ Follower ပေါင်း ၆ သန်းကျော်ရှိနေပြီဖြစ်ပါတယ်။ Proximity ကိုတော့ Youtube Channel အပြင် Spotify မှာသာ နားထောင်တာဖြစ်ပါတယ်။

Mrsuicidesheep

သူကတော့ EDM Music တွေနဲ့ပတ်သက်သမျှကို တင်ဆက်နေတဲ့ Channel တစ်ခုဖြစ်ပါတယ်။ Remix သာမကပဲ Original Version တွေနဲ့ Latest EDM Music တွေကိုပါ တင်ဆက်ပေးတာဖြစ်ပါတယ်။ စတင်တည်ထောင်ခဲ့တဲ့အချိန်ကစပြီး EDM ကို ကြိုက်နှစ်သက်ခဲ့တဲ့သူတွေ အားပေးခဲ့တာ အခုဆိုရင်တော့ Follower ပေါင်း ၉ သန်းကျော်ခဲ့ပြီပဲဖြစ်ပါတယ်။ Mrsuicidesheep ကတော့ Channel တစ်ခုတည်းတင်မဟုတ်ပဲ Youtube Star လို့ပါ နာမည်ကျော် Website တွေမှာ ဖော်ပြထားတာကိုတွေ့ရှိရပါတယ်။