အမျိုးသားတွေ အသည်းစွဲ ဖြစ်တဲ့ Lana လိုမျိုး Genre တွေကိုသီဆိုတဲ့ သူမရဲ့ အကြောင်းလေး ပုရိသအပေါင်းကို အလင်းပြ ပါရစေ။ အဆွေး စတိုင် Indie pop တို့ Electropop တေးဂီတတွေ ကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ အဆိုတော်မလေး Lorde နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူမဟာ အသက် ၂၁ နှစ်ပဲရှိသေးတဲ့ နယူးဇီလန်သူလေးဖြစ်ပါတယ်။

Source: pitchfork.com

Album သုံးခွေသာထွက်ထားပြီး Electropop ကို အဓိကသီဆိုသူလည်း ဖြစ်ပါတယ်။ သူမသီချင်းတွေ ဟာ Legendary ဖြစ်တဲ့ Lana Del Rey ဆိုနေကျ Music အမျိုးအစားတွေနဲ့ ခပ်ဆင်ဆင်ပါပဲ။ သူမဟာ Lana လို အသည်းကွဲသီချင်းတွေ ကိုဆိုလေ့ရှိလို့ Pop trend မှာ သူ့တခေတ်ဖြစ်လာဦးမှာ အသေအချာပါပဲ။

Source: pitchfork.com

သူမနောက်ဆုံးထွက်ထားတဲ့ Album ကတော့ Melodrama ပဲဖြစ်ပါတယ်။ ဒီ Album ကိုစပြီး Record လုပ်တာကတော့ ၂၀၁၅ ကတည်းကဖြစ်ပြီး ၂၀၁၇ မှထွက်ရှိတာမို့သေသေချာချာပြင်ဆင်ထားတဲ့ Sense ကိုသီချင်းတွေနားထောင်ကြည့်တာနဲ့ သိနိုင်မှာပါ။ ထူးခြားတာတစ်ခုကသူမဟာ Album Cover ကို သူမပုံ ပန်းချီ Portrait နဲ့ အနုပညာဆန်ဆန်ဖန်တီးထားတာ ဖြစ်ပါတယ်။ အခွေမျက်နှာဖုံးကအစ သီချင်းတွေပါမကျန် သူမစိတ်ကြိုက်ဖန်တီးထားလို့ အနုပညာလက်ရာမြောက်လှပါတယ်။

သူမ Melodrama ထဲမှာပါတဲ့ Liability ၊ Hard Feelings ၊ Perfect Places တို့တွေ ဆို မဖြစ်မနေနားထောင်ကြည့်သင့်တဲ့ အထဲမှာပါတယ်။ သူမရဲ့ အကောင်းဆုံးသီချင်းတစ်ပုဒ်ကို နားဆင်ကြည့်နိုင်အောင် အောက်မှာ Link ပေးထားပါတယ်။