Eminem ရဲ့ မကြာသေးမီက ထွက်ထားခဲ့တဲ့ Kamikaze Album ထဲက Not Alike သီချင်းမှာ Eminem ကနေ Machine Gun Kelly – MGK ကို Diss ပြုလုပ်ပြီး တိုက်ခိုက်ထားတဲ့ စာသားတွေပါဝင်ခဲ့တာကို သတိထားမိကြမှာပါ။ အဲ့ဒီအတွက် MGK ကနေ Rap Devil ဆိုပြီး သီချင်းတစ်ပုဒ်နဲ့ Eminem ကို ပြန်ပြီး တိုက်ခိုက်ခဲ့ပါသေးတယ်။

Source: thefader.com

တကယ့် Rapper တွေထဲမှာ အတော်ဆုံးလို့ပြောလို့ရတဲ့ Eminem ဟာ အခုလိုမျိုး MGK ရဲ့ တိုက်ခိုက်မှုကို ငြိမ်မခံနေခဲ့ပဲနဲ့ Killshot ဆိုတဲ့ သီချင်းနဲ့အတူ ပြန်ပြီး တုံ့ပြန်လိုက်ပါတယ်။ အခု Eminem ရဲ့ Killshot ထဲက စာသားတွေဟာ MGK ရဲ့ Rap Devil နဲ့ ယှဉ်ရင် အလွန်ပြင်းထန်တဲ့အတွက် MGK ကို လုံးဝခြေမှုန်းပစ်လိုက်တယ်လို့တောင် ပြောလို့ရနေပါတယ်။

အခု Eminem ရဲ့ Killshot ထဲက စာသားတစ်ချို့ကို ကြည့်မယ်ဆိုရင်

“’Slim you’re old’
Ow, Kelly, ooh, but I’m 45 and I’m still outselling you
By 29 I had three albums that had blew…
I’d rather be 80-year-old me than 20-year-old you.” စတဲ့ အကြမ်းစား စာသားတွေထည့်သွင်းသီဆိုခဲ့တာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Rap God လို့ သတ်မှတ်ရမယ့် Eminem ရဲ့ Killshot သီချင်းကို အောက်မှာ နားဆင်နိုင်မှာပါ။