တကယ်လို့ Superhero ရုပ်ရှင်တွေကို ကြိုက်တယ်ဆိုရင် လက်ရှိရုံတင်နေတဲ့ Venom ရုပ်ရှင်ကားက ကြည့်ဖြစ်မယ့် ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်။ Marvel Villain တစ်ယောက်ဖြစ်တဲ့ Anti-hero Venom အကြောင်းကို အသေးစိတ်ရိုက်ထားတဲ့ ဒီရုပ်ရှင်ကားက Spider-man Fan တွေအတွက်ကတော့ အကြိုက်တွေ့ဦးမယ့်ရုပ်ရှင်တစ်ကားပါ။

Source: pitchfork.com

ဒါပေမယ့် ဒီရုပ်ရှင်ထက်ပိုပြီး ထူးခြားတာတစ်ခုကတော့ ဒီရုပ်ရှင်ရဲ့ Theme Song ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ရှားရှားပါးပါး Eminem ကိုယ်တိုင် သီဆိုထားလို့ပဲဖြစ်ပါတယ်။ Eminem ဟာ ယခုသီချင်းကိုလည်း Venom လို့ပဲ နာမည်ပေးထားပြီးတော့ အခုရုံတင်တဲ့နေ့မှာပဲ Music Video ကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

အခု Eminem ရဲ့ Venom Music Video ဟာ သူ့ရဲ့ အစောပိုင်းကထွက်ခဲ့တဲ့ Fall Music Video ရဲ့ အဆက်လို့တောင်ပြောရပြီးတော့ Eminem ကို တမြို့လုံးမှာလိုက်ပြီး Posses ဖြစ်နေတဲ့ Venom တစ်ကောင်အဖြစ်နဲ့မြင်ရမှာဖြစ်ပါတယ်။

Source: pitchfork.com

အခု Venom Music Video ဟာ Eminem ရဲ့ ပရိသတ်တွေရော Spider-Man ပရိသတ်တွေရော အကြိုက်တွ့ဦးမယ့် သီချင်းတစ်ပုဒ်ဖြစ်သလိုပဲ အခုထွက်ရှိပြီး အချိန် ၁၂ နာရီအတွင်းမှာတင် ကြည့်ရှုသူ ၆သန်းဂဝန်းကျင်ရှိသွားပြီဖြစ်ပါတယ်။ အခု Music Video ကိုမကြည့်ရသေးတဲ့သူတွေအတွက်လည်း အခုအောက်မှာဖော်ပြပေးလိုက်ပါတယ်။