Eminem ဆိုတာနဲ့ Hip Hop နဲ့ Rap လောကမှာ တကယ်ကိုဆရာတစ်ဆူလို့ ပြောလို့ရတဲ့ Artist တစ်ယောက်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်မတိုင်ခင်ထဲက Hip Hop လောကထဲမှာ ရှိနေခဲ့တဲ့ Eminem ဟာ လက်ရှိမှာ သက်တမ်းရင့် Rapper တစ်ယောက်ဖြစ်နေပြီဖြစ်ပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ်ပိုင်းတုန်းက Kamikaze အမည်ရတဲ့ Album တစ်ခုကို Promotion ပြုလုပ်ခြင်းမရှိဘဲ ချပြခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Eminem ရဲ့ Kamikaze Album ဟာ တကယ်ကို နူကလီယားဗုံးတစ်ခုလိုပေါက်ကွဲအားပြင်းထန်နေပြီး အခုအချိန်မှာ No.1 Album နေရာကို သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။ အခုလက်ရှိရောင်းချရထားတဲ့ Kamikaze Album အရေအတွက်ဟာ 434,000 ကျော်ရှိနေပြီးဖြစ်ပြီး Digital Copy တွေတင် ၂ သိန်းခွဲကျော်ရောင်းချထားရတာဖြစ်ပါတယ်။

ဒီအောင်မြင်မှုက ဒီမှာတင်မပြီးသေးပါဘူး။ အခုလိုမျိုး နံပါတ် (၁) နေရာကို ရရှိနေတဲ့ Album တွေက အခုဆိုရင် Eminem အတွက် ၉ ကြိမ်မြောက် Album တစ်ခုဖြစ်သွားပြီးတော့ Eminem အတွက် ကြီးမားတဲ့အောင်မြင်မှုတစ်ခုဆိုရင်လည်း မမှားပါဘူး။ တကယ်လို့သာ Eminem က နောက်ထပ် Album တစ်ခုထပ်ထုတ်ပြီး နံပါတ် (၁) နေရာကို ရဦးမယ်ဆိုရင် The Beatles ၊ Jay-Z ၊ Bruce Springsteen ၊ Barbra Streisand နဲ့ Elvis Presley တွေကိုပါ ကျော်သွားတော့မှာပါ။

Eminem ရဲ့ ယခု Kamikaze Album ဟာ Album တစ်ခုလုံးမှာ ပေါက်ကွဲမှုတွေနဲ့ ပြည့်နှက်နေခဲ့ပြီး တကယ့်ကို အကြမ်းစား Rap တွေနဲ့ Rap God တစ်ယောက်ဆိုတာကို သက်သေပြသွားခဲ့တာပါ။ ဒီ Album ထဲမှာဆိုရင် Lil Pump ၊ MGK နဲ့ အခြားသော Rapper တွေကိုပါ တိုက်ခိုက်တဲ့ စာသားတွေအများအပြားပါဝင်ခဲ့တာကြောင့်လည်း တကယ်ကို ဗုံးတစ်ခုလို့ နာမည်တပ်နေကြတာပါ။

Eminem ရဲ့ Kamikaze Album ထဲက Fall သီချင်း Music Video ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။