ဝန်ထမ်းနဲ့အလုပ်ရှင်ဆိုတာဟာ ဟန်ချက်ညီညီနဲ့ သင့်မြတ်ဖို့ကသိပ်တော့မလွယ်လှပါဘူး။ ဒီလိုမလွယ်တဲ့ကိစ္စကို အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်နိုင်ခြင်းဟာ လုပ်ငန်းရှင်တစ်ယောက်ရဲ့ အရည်အချင်းတစ်ခုပဲဖြစ်ပါတယ်။

ပျော်ရွှင်ဖွယ်လုပ်ငန်းခွင်ကိုဖန်တီးခြင်း

Source: ahappyworkplace.awardwinningworkplaces.com

လုပ်ငန်းခွင်မှာ အလုပ်ဖိစီးမှုတွေနဲ့ ပင်ပန်းနွမ်းနယ်မှုတွေဟာ အမြဲဖိစီးနေတတ်ပါတယ်။ မိုးလင်းကနေမိုးချုပ် လုပ်ငန်းခွင်ထဲမှာမြှပ်နှံထားရတဲ့ ဝန်ထမ်းတွေရဲ့ဘဝဟာ တခါတလေတော့ငြီးငွေ့စရာကြီးပါ။ ဒီလိုအချိန်မျိုးမှာ အလုပ်ရှင်အနေနဲ့ဝန်ထမ်းတွေအတွက် စိတ်ပေါ့ပါးလန်းဆန်းစေမယ့် ပျော်ရွှင်ဖွယ်လုပ်ငန်းခွင်ကို ဖန်တီးပေးသင့်ပါတယ်။

နှိမ်ချဆက်ဆံမှုမျိုးကိုရှောင်ကြဉ်ခြင်း

Source: hi-re.nl

ကိုယ့်ဝန်ထမ်းတွေအပေါ်မှာ လစာပေးခိုင်းထားတာပဲ၊ ခိုင်းသမျှအကုန်လုပ်ရမယ်ဆိုတဲ့ မောက်မာတဲ့စိတ်သဘောထားမျိုးက အလုပ်ရှင်ကောင်းတွေဆီမှာမရှိပါဘူး။ ဝန်ထမ်းအနေနဲ့ တချို့နေရာတွေမှာ ခံစားခွင့်လစာနဲ့ပေးရတဲ့ လုပ်အားမမျှတဲ့လုပ်ငန်းခွင်မျိုးတောင် ရှိတတ်ပါတယ်။ ကိုယ့်ဝန်ထမ်းအပေါ်မှာ နှိမ့်ချဆက်ဆံခြင်း၊ ဖိနှိပ်ခြင်းမျိုးကိုရှောင်ကြဉ်သင့်ပါတယ်။

ဝန်ထမ်းတွေရဲ့အရည်အချင်းကို မြှင့်တင်ပေးခြင်း

Source: blog.aevo.com.br

ကိုယ့်ဝန်ထမ်းတွေရဲ့ လုပ်ငန်းပိုင်းဆိုင်ရာအခြေအနေကို အမြဲဂရုပြုသင့်ပါတယ်။ လိုအပ်တဲ့အရည်အချင်းတွေကိုလည်း အခွင့်သင့်ရင်သင့်သလို တိုးမြှင့်ပေးသင့်ပါတယ်။ တက်ကြွပြီးထူးချွန်ထက်မြက်တဲ့ ဝန်ထမ်းကောင်းတွေကို မွေးထုတ်ပေးသင့်ပါတယ်။

ဝန်ထမ်းတွေကို ရင်းရင်းနှီးနှီးဆက်ဆံခြင်း

Source: Michael Hyatt

နှစ်လိုဖွယ်ကောင်းတဲ့ အလုပ်ရှင်တစ်ယောက်ဟာ ကိုယ့်ဝန်ထမ်းတွေကိုနွေးထွေးတဲ့ ခံစားချက်မျိုးပေးစွမ်းနိုင်ရပါမယ်။ အလုပ်ရှင်ဆိုတဲ့မာန်နဲ့ လက်ညှိုးထိုးခိုင်းစေတာမျိုးမဟုတ်ဘဲ ဝန်ထမ်းတွေအပေါ်ကို လေးလေးစားစား ဆက်ဆံသင့်ပါတယ်။