ယူရိုပါလိဂ်ပြိုင်ပွဲဆိုတာက ချန်ပီယံလိဂ်ပြိုင်ပွဲပြီးရင် ဥရောပမှာအကြီးဆုံးပြိုင်ပွဲကြီးဖြစ်ပါတယ်။ ချန်ပီယံလိဂ်သို့တတ်လှမ်းခွင့်မရှိတဲ့အသင်းတွေနဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ပြုတ်ခဲ့ကြတဲ့အသင်းတွေ ယှဉ်ပြိုင်ကြတဲ့ပွဲစဉ်ဖြစ်ပါတယ်။ နောက်ဆုံး ဗိုလ်လုပွဲတွင် ဖလားကိုင်မြှောက်နိုင်တဲ့အသင်းက ချန်ပီယံလိဂ်သို့ တိုက်ရိုက်ဝင်ခွင့်ရတယ်ဆိုတဲ့ မတ်လုံးကြောင့်လည်း ယူရိုပါလိဂ်ရဲ့ အနှစ်သာရက ပိုမိုပြည့်ဝစေပါတယ်။ ယူရိုပါလိဂ်သမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းထားသူများကိုလည်းဖော်ပြပေးလိုက်ရပါတယ်။
Henrik Larsson

Source: boxtoboxfootball.uk
ဆွီဒင်နိုင်ငံသားဖြစ်တဲ့သူဟာ ဂိုးသွင်းရာတွင်ပါရမီထူးလှပါတယ်။ ယူရိုပါလိဂ်ပွဲစဉ်ပေါင်း (၅၆) ပွဲမှာ ဂိုး (၄၀) အထိသွင်းယူထားနိုင်ခဲ့ပါတယ်။ သူဟာ ဥရောပရွေဖိနပ်ဆုကိုလည်း (၂၀၀၁)ခုနှစ်က ရရှိခဲ့ပါတယ်။
Radamel Falcao

Source: thesportsbank.ne
ဖယ်ကာအိုကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ ကိုလံဘီယားသားတစ်ယောက်ဖြစ်တဲ့သူဟာ အလိမ်အခေါက်စွမ်းရည်နဲ့ ဂိုးသွင်းပါရမီတွေမှာ ကောင်းမွန်လှပါတယ်။ သူဟာ ယူရိုပါလိဂ်ပွဲစဉ် (၃၁) ပွဲမှာ ဂိုး (၃၀) အထိသွင်းယူပေးထားနိုင်ခဲ့ပါတယ်။
Klaas-Jan Huntelaar

Source: alwasatnews.com
နယ်သာလန်လူမျိုး ရှော်ကေးတိုက်စစ်မှူးဖြစ်တဲ့သူဟာ ယူရိုပါလိဂ် ပွဲစဉ် (၃၈) ပွဲမှာ ဂိုးပေါင်း (၃၀) အထိသွင်းယူပေးထားပါတယ်။ သူရဲ့ One Touch Shot တွေကြောင့်နာမည်ကြီးလှပါတယ်။