ဥရောပနိုင်ငံတွေဆိုတာ ဘောလုံးပညာရပ်တွေမှာတော့ ဆရာတွေပါပဲ။ ဥရောပ ဘောလုံးရပ်ဝန်းမိုးကောင်းကင်မှာ ထွန်းလင်းခဲ့တဲ့ ကစားသမားများစွာရှိပါတယ်။ ထိုထဲကမှ အထိန်လင်းဆုံးဖြစ်ခဲ့တဲ့ ဥရောပသားဘောလုံးသမားသုံးယောက်ကိုဖော်ပြလိုက်ပါမယ်။

Bobby Charlton

Source: football-bible.com

Bobby Charlton ဆိုတာ အင်္ဂလန်ဘောလုံးလောကအတွက်တော့ ဘုရင်တစ်ဆူပါပဲ။ သူဟာ မန်ချက်စတာယူနိုက်တက်အသင်းတွင်ကစားခဲ့တဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ယူနိုက်တက်ကို ဖလားတွေအများကြီးရယူနိုင်ဖို့ အကူအညီများစွာပေးခဲ့ပါတယ်။ သူရဲ့ပြင်းထန်လှတဲ့ ကန်ချက်တွေက ပြိုင်ဘက်ကစားသမားတိုင်းကို ကြောက်ရွံစေခဲ့ပါတယ်။ သူဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံးစာရင်းတွင်လည်း ဆယ်စုနှစ်များစွာရပ်တည်နေနိုင်ခဲ့ပါတယ်။

Henry

Source: football-bible.com

Henry ဟာ ဘောလုံးကစားသမားဘ၀ကနေ (၂၀၁၄)  ခုနှစ်ကအနားယူသွားခဲ့ပါတယ်။ သူအနေနဲ့တော့ ကမ္ဘာနာမည်ကြီးအသင်းများစွာမှာ ကစားခဲ့ဖူးပါတယ်။ အာဆယ်နယ်မှာ ကစားစဉ်အချိန်ကာလတွေကတော့ သူအတွက်အတောက်ပဆုံးဖြစ်ခဲ့ပါတယ်။ သူအနေနဲ့ ပြင်သစ်သားတစ်ယောက်ဖြစ်ပြီး နိုင်ငံသားအတွက်ရော၊ ကစားခဲ့ဖူးတဲ့ ကလပ်တိုင်းမှာ အကောင်းဆုံးပုံစံတွေနဲ့ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

Zedan

Source: football-bible.com

Zedan ဟာလည်း ဥရောပမြေ ပြင်သစ်နိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်။ ကွင်းလယ်ဗဟိုပြုကစားတဲ့ ဇီဒန်းဟာ ရီးရဲမတ်ထရစ်အသင်းနဲ့သာမက နိုင်ငံအသင်းနဲ့ပါအောင်မြင်မှုပေါင်းများစွာကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ရီးရဲမတ်ထရစ်ရဲ့နည်းပြအဖြစ်လုပ်ကိုင်နေပြီလည်းဖြစ်ပါတယ်။