ကိုယ့်အတွက်အရေးပါတဲ့ မိန်းကလေးတစ်ယောက်ကို လက်ဆောင်ပေးချင်တယ်။ ဒါပေမယ့် ယောက်ျားလေးတစ်ယောက်ဖြစ်တဲ့ သင်ဟာ အမျိုးသမီးတစ်ဦးနှစ်သက်သဘောကျတဲ့ ပစ္စည်းတွေကို မသိနိုင်ဘူးဆိုတာ ဖြစ်သင့်ပါတယ်။ ဒီအတွက်ခေါင်းရှုပ်မနေပါနဲ့။ အခုဖော်ပြတဲ့ပစ္စည်းလေးတွေကို ရွေးချယ်ပေးလိုက်ပါ။ သင့်မိန်းကလေးသဘောကျ အကြိုက်တွေ့သွားစေရပါမယ်။

လက်ကိုင်အိတ်

Source: pocket-lint.com

မိန်းကလေးတစ်ယောက်ကို အရူးအမူးဖြစ်အောင် ဆွဲဆောင်စေနိုင်တဲ့ ပစ္စည်းတွေထဲမှာ လက်ကိုင်အိတ်က တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ စတိုင်ကျတဲ့လက်ကိုင်အိတ်တစ်လုံးကို အမြန်ရွေးချယ်ဝယ်ယူလိုက်ပါ။ သင်အမှတ်တွေအများကြီးရသွားပါလိမ့်မယ်။

နှုတ်ခမ်းနီတစ်တောင့်

Source: Guerlain

မိန်းကလေးတိုင်း အလှအပကိုနှစ်သက်ကြပါတယ်။ အမြဲမဟုတ်တောင် တခါတလေမှာ နှုတ်ခမ်းနီကို သဘောကျစွာ သုံးတတ်ကြပါတယ်။ နှုတ်ခမ်းနီလုံးဝမဆိုးတဲ့ မိန်းကလေးဆိုတာမရှိနိုင်ပါဘူး။ သူမဘယ်လိုနှုတ်ခမ်းနီအရောင်မျိုး ကြိုက်တတ်တယ်ဆိုတာကတော့ သင်အနည်းငယ်လောက် သိသင့်ပါတယ်နော်။

ဖန်စီပစ္စည်းလေးတွေ

Source : Amazon.in

ကိုယ်ပေးတဲ့လက်ဆောင်ပစ္စည်းလေးတွေကို သူမနဲ့အမြဲအတူရှိနေတာမျိုး လိုချင်တယ်ဆိုရင်တော့ ဖန်စီပစ္စည်းလေးတွေကို ရွေးချယ်ပေးလိုက်ပါ။ ဆွဲကြိုး၊ ဟန်းချိန်း၊ ခြေချင်းလေးတွေလို ခေတ်ဆန်လှပတဲ့ဖန်စီပစ္စည်းလေးတွေ အများကြီးရှိပါတယ်။ သူမက ဒီပစ္စည်းလေးတွေကို နှစ်နှစ်ခြိုက်ခြိုက်သုံးနေသရွေ့ သင်နဲ့အနီးဆုံးမှာရှိနေပြီပေါ့။

အရုပ်လေးတွေ

Source: dannychoo.com

မိန်ကလေးအများစုက အရုပ်တွေကို အရူးအမူးကို စွဲလန်းနှစ်သက်တတ်ကြပါတယ်။ အရုပ်မြင်ရင်ကို ပြုံးပျော်နေတတ်ကြတာ မိန်းကလေးတွေပါပဲ။ ဒီတော့မွှေးပွအရုပ်ကြီးတစ်ရုပ်ကလည်း သူမရဲ့အပြုံပန်းတွေကို သင့်အတွက်ယူပေးနိုင်ပါတယ်။