ယောကျာ်းလေးတွေဟာ မိန်းကလေးတွေလို သယ်စရာများများစားစားမရှိပေမယ့် တစ်ခါတစ်လေကျတော့လည်း မဖြစ်မနေသယ်ရမယ့် အချိန်တွေရှိလာတတ်ပါတယ်။ ဥပမာပြောရရင် အလုပ်နဲ့ သက်ဆိုင်တဲ့စာရွက်စာတမ်း၊ Laptop၊ Gym သွားရင်ယူသွားတဲ့ပစ္စည်း အဲ့လိုအရာတွေ ထည့်ဖို့ဆန့်မယ့် အိတ်လိုလာတာမျိုးလည်း ရှိပါတယ်။

Source: esquire.com

ကျောင်းသားဘဝတုန်းကတော့ ဘက်စုံသုံးနိုင်တဲ့ လွယ်အိတ်တစ်လုံးစီတော့ ရှိဖူးကြမှာပါ။ သို့ပေမယ့် အသက်ကြီးလာတဲ့အခါကျတော့ ရှိရင်းစွဲသုံးနေကျဖြစ်တဲ့ လွယ်အိတ်ကအလုပ်မဖြစ်တော့ သွားသွားလာလာအတွက် ဒီထက်အမြင်တင့်မယ့် လက်ကိုင်အိတ်တစ်လုံးလောက်တော့ လိုလာပါပြီ။ Briefcase ကနေစပြီး လက်ကိုင်အိတ်ဆိုဒ်အမျိုးမျိုးအပြင် သွားမယ့်နေရာ အသီးသီးကိုခြုံပြီး ဘယ်နေရာသွားသွားသယ်သွားနိုင်တဲ့ အိတ် ၁၀ မျိုးကို ပြောပြပေးလိုက်ပါမယ့်။

Soft Briefcase

Source: esquire.com

အလုပ်အသွား အလာကိုင်ချင်တယ်ဆိုရင် The Soft Briefcase က အသင့်တော်ဆုံးဖြစ်မှာပါ။ Classic Briefcase လို သေတ္တာအမာစား မဟုတ်တဲ့အပြင် သားရေ Leather လက်ကိုင်အိတ်တွေလိုလည်း အရမ်းအပျော့စားမဟုတ်လို့ ဘယ်အချိန်ကောက်ကိုင်ကိုင် အဆင်ပြေစေမှာပါ။

The Weekender

Source: esquire.com

The Weekender ကတော့ Trip အတိုသွားတဲ့အခါ သို့ Road Trip သွားရင် အင်္ကျီတွေဘာတွေ အလွယ်တကူထည့်ပြီး သယ်သွားလို့ရမယ့် Canvas သို့မဟုတ် သားရေနဲ့ ပြုလုပ်ထားတဲ့ အိတ်မျိုးပဲဖြစ်ပါတယ်။

Tablet Case

Source: esquire.com

The Tablet Case ကျတော့ iPad တို့လို သင့်ရဲ့ မပါမဖြစ်တဲ့ Device တွေကို ထိခိုက်မှုမရှိစေဘဲ အလွယ်တကူသယ်ဆောင်နိုင်အောင် ဖန်တီးထားတဲ့အိတ်ပဲဖြစ်ပါတယ်။ Tablet ကို ဒီတိုင်းလက်နဲ့ကိုင်ရတာထက်စာရင် ဒီအိတ်မျိုးနဲ့ဆို စတိုင်ကျတာပေါ့။

The Dopp Kit

Source: esquire.com

ခရီးသွားမယ့် အခါမျိုးတွေမှာ Hygiene အတွက်မရှိမဖြစ်ဆောင်သွားသင့်တဲ့ Body Spray တို့ ရေမွှေးတို့ အခြားသောပစ္စည်းတွေကို တစ်စုတစ်စည်းထဲ ထားနိုင်ဖို့ အတွက်ဆို The Dopp Kit ကိုလိုအပ်ပါတယ်။

Shoulder Bag

Source: esquire.com

လက်ကကိုင်ရတာမကြိုက်ဘဲ လွယ်ဖို့ပဲအားသန်တဲ့သူတွေအတွက်တော့ The Shoulder Bag က သင့်တော်မှာပါ။ လက်ကိုင်အိတ်တွေလောက်တော့ ပစ္စည်းအများကြီးမဆံ့ပေမယ့် ဘယ်နေရာသွားသွား လွယ်လို့ရပါတယ်။

Tote

Source: esquire.com

The Tote ကိုကျတော့ အပေါ်မှာပြောခဲ့တဲ့အတိုင်း Laptop တွေ Document ဖိုင်တွေ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ယူသွားမယ့်အခါမျိုးမှာ အသုံးဝင်စေမယ့် သားရေလက်ကိုင်အိတ်မျိုးပဲဖြစ်ပါတယ်။

Holdall

Source: esquire.com

သွားစရာတွေရှိပြီး မအားတဲ့ကြားထဲကမှ Gym ကို အချိန်လုပြီးသွားရတဲ့ အိမ်မပြန်နိုင်တဲ့အခါမျိုးတွေမှာThe Holdall ကိုအသုံးချသင့်ပါတယ်။ ထည့်ချင်တာအကုန်ဆံ့ပြီး သယ်ရတာလွယ်ကူစေမှာပါ။

The Roller

Source: esquire.com

The Roller ကတော့ ခရီးရက်ရှည်သွားမယ်ဆိုရင် အလွယ်တကူယူသွားနိုင်မယ့် အောက်မှာဘီးပါတဲ့အိတ်မျိုးပါ။ Luggage နဲ့ ခပ်ဆင်ဆင်ပေါ့။