လူတစ်ယောက်ဘဝမှာ အရေးကြီးဆုံး အခန်းကဏ္ဍမှာ ဘယ်အရာပါဝင်နေတယ်လို့ ထင်ပါသလဲ။ လူ့ဘဝရဲ့ အချိုးအကွေ့ပေါင်းများစွာကို ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ ဦးနှောက်ဟာ လူ့ဘဝမှာ အရေးပါဆုံးပဲဖြစ်ပါတယ်။ ဒီလို ဘဝမှာ အထူးအရေးပါတဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကလည်း စိတ်ဝင်စားစရာတွေပါပဲ။
ခန္ဓာကိုယ်နဲ့ ဦးနှောက်ရဲ့ ဆက်စပ်မှုတွေ
Source: americanpharmacynews.com
လူ့ရဲ့ခန္ဓာကိုယ်ဟာ ဦးနှောက်နဲ့ အမြဲဆက်စပ်နေပါတယ်။ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေအားလုံးဟာ ဦးနှောက်ဆီကို အမြဲအချက်ပြ ပို့ဆောင်နေပါတယ်။ ခန္ဓာကိုယ်က အလုပ်တစ်ခုကို လုပ်လိုက်တဲ့အခါမျိုး (ဥပမာ – မျက်လုံးက ကွန်ပျူတာကို ကြည့်ပြီး လက်က မောက်စ်ကို နှိပ်နေတာမျိုး) မှာ ဦးနှောက်က ကျောရိုးနားဗ်ကြောမကြီးဆီကို သတင်းအချက်အလက်တွေ ပေးပို့ပေးနေပါတယ်
ကျောရိုးနာ့ဗ်ကြောမကြီး
Source: www.tigtagcarolina.com
ကျောရိုးနာ့ဗ်ကြောမကြီးအကြောင်းကလည်း စိတ်ဝင်စားစရာပါပဲ။ ကျောရိုးနာ့ဗ်ကြောမကြီးကတော့ ဦးနှောက်ကပေးပို့လာတဲ့အချက်အလက်တွေကို သက်ဆိုင်ရာ နာ့ဗ်ကြောတွေနဲ့ ချိတ်ဆက်ပေးပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လိုသလို လှုပ်ရှားစေတာပါ။
Peripheral Nerves အကြောင်း
Source: shiftdelete.net
Peripheral Nerves ကတော့ ကျောရိုး နာ့ဗ်ကြောမကနေ ခန္ဓာကိုယ်ဆီ သတင်းအျက်အလက်တွေ ပေးပို့တဲ့ အာရုံကြောတွေ ဖြစ်ပါတယ်။ တက်ကြွတဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ Peripheral Nerves တွေက Skeletal Muscles တွေကို ထိန်းချုပ်ထားပါတယ်။
Skeletal Muscles အကြောင်း
Source: www.interactive-biology.com
ဒီကြွက်သားတွေကနေ ပြုမူလိုက်တဲ့ လှုပ်ရှားမှုတွေ ကောင်းမကောင်း သတင်းအချက်အလက်တွေကို ဦးနှောက်နဲ့ ကျောရိုးနာ့ဗ်ကျောမကြီးတွေက ပြန်လည်လက်ခံတာပါ။ ဒီလို လက်ခံရရှိတဲ့ သတင်းအချက်အလက်တွေအပေါ် မူတည်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေရဲ့ လှုပ်ရှားမှု မှန်မှန်ကန်ကန်ဖြစ်စေဖို့ ထိန်းချုပ်ပေးပါတယ်။
ဒါ့ကြောင့် ဦးနှောက် နဲ့ ခန္ဓာဟာ စက်ကြီးတစ်လုံးလို ဟန်ချက်ညီညီ အချိုးကျကျ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။