ဒီတခါပြောပြပေးချင်တဲ့ Home Party လေးတစ်ခုကတော့ ပုရိသတွေအားလုံး သဘောကျနှစ် ခြိုက်စေမှာ အမှန်ပါပဲ။ Casino Party တစ်ခုကို ၀ါသနာတူ၊ အကြိုက်တူ မိတ်ဆွေ၊ သူငယ်ချင်းများနဲ့ အတူ ကျင်းပဆင်နွဲကြည့်လိုက်ပါ။ စိတ်ပေါ့ပါးလွတ်လပ်စေနိုင်မှာ အမှန်ပါပဲ။

ပါတီပွဲအပြင်အဆင်

Source : Pinterest

Casino Party ပွဲလေးတစ်ခုဖြစ်တာကြောင့် ဖဲချပ်တွေ၊အံစာတွေနဲ့ ပါတီပွဲကို စတိုင်လန်းလန်းလေး ပြင် ဆင်ထားသင့်ပါတယ်။ ပွဲတက်လာတဲ့ အပေါင်းအသင်းတွေအားလုံး အံ့အားသင့်ပျော်ရွှင်သွားရအောင်ပေါ့။

အစားအသောက်များ

Source : programacion2.ga

Casino Party မှာ အစားအစာတွေ ပြင်ဆင်ထားရှိတဲ့အခါ အသုံးပြုတဲ့ ပန်းကန်၊ ခွက်တွေကို ဂရုပြုရွေးချယ်သင့်ပါတယ်။ တစ်ဦးစိတ်တိုင်းကျ စားသောက်နိုင်မယ့် အစားအစာမျိုးကို ဦးစားပေး စီစဉ်ပေးသင့်ပါတယ်။

အဖျော်ယမကာများ

Source : plantdatabase.info

ပါတီပွဲတိုင်းမှာ အဓိကမရှိမဖြစ် လိုအပ်တာကတော့ ပွဲတက်သူတွေ သောက်သုံးစရာ အဖျော်ယမကာ တွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် Cocktail , Martinis , Daiquiris လိုအဖျော်ယမကာမျိုးကို ဦးစားပေး ထားရှိသင့်ပါတယ်။

Game များ

Source : Casino Hints

Casino Party ဆိုတဲ့အတိုင်း ပါတီပွဲတက်ရောက်လာသူတွေ စိတ်တိုင်းကျ ရွေးချယ်နိုင်တဲ့ Game မျိုးစုံ ကို ထည့်သွင်းစီစဉ်ထား သင့်ပါတယ်။ Game ကျွမ်းကျင်သူတွေရော၊ ၀ါသနာရှင်တွေပါ အားလုံးပျော်ရွှင်ရယ်မောပြီး စိတ်ပေါ့ပါးလန်းဆန်းစေနိုင်ဖို့ လိုအပ်ပါတယ်။

Casino Party အတွက် နောက်ခံတေးဂီတ

Source : Royal Vegas

Casino Party လေးဟာ ထူးခြားတဲ့ Home Party လေးတစ်ခု ဖြစ်ပါတယ်။ ဒီလို တမူထူးခြားတဲ့ပါတီပွဲမျိုးမှာ တေးဂီတကို တခြားပါတီပွဲတွေနဲ့ မတူပဲ ထူးခြားနေစေဖို့ ဂရုပြုသင့်ပါတယ်။ Casino Song တွေကို သေချာရွေးချယ်ပြီး ပွဲတက်သူတွေရဲ့ စိတ်အာရုံလန်းဆန်းအောင် ပံ့ပိုးပေးလိုက်ပါ။