မျက်နှာပေါ်မှာ တက်တူးထိုးဖို့ဆိုတာဟာ တက်တူးအပေါ်မှာ တော်ရုံရူးသွပ်မှုမျိုးနဲ့တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း တက်တူးကို အသွေးအသားထဲကကို စွဲလန်းရူးသွပ်တတ်ကြတဲ့ လူတချို့ကတော့ မျက်နှာပေါ် မှာ ခပ်မိုက်မိုက်တက်တူး ဒီဇိုင်းတွေနဲ့ အရမ်းကိုလန်းနေကြပါတယ်။

Source: tvnoviny.sk

ဘာသာရေးအရဖြစ်စေ၊ ယဉ်ကျေးမှုအရဖြစ်စေ ပွဲတော်တွေ ကျင်းပဆင်နွဲကြတဲ့အခါ တက်တူးချစ်သူ တွေဟာ မျက်နှာမှာတက်တူးတွေနဲ့ အတူ ပျော်ရွင်စွာ ပါဝင်ဆင်နွှဲတတ်ကြပါတယ်။

Source : Best Tattoo 2016

အများအားဖြင့် နားထင်၊ ပါးရိုးနဲ့ နဖူးတွေပေါ်မှာ ကိုယ်ကြိုက်နှစ်သက်တဲ့ ဒီဇိုင်းအသေးစားလေးတွေနဲ့ ခပ်မိုက်မိုက် စတိုင်ထုတ်တတ်တဲ့ အမျိုးသားတွေလည်းရှိပါတယ်။

Source: Askideas.com

တကယ့်ကိုမတွေးရဲစရာပါပဲ။ တချို့ တက်တူးကို ဘ၀ထက်ပိုပြီး ရူးသွပ်စွဲလန်းတတ်တဲ့ အမျိုးသားတွေ ဟာ ကိုယ့်မျက်နှာတစ်ခုလုံးကို တက်တူးတွေနဲ့ ဒီဇိုင်းဖေါ် တတ်ကြပါတယ်။ ဒါကလည်း တကယ့်ကို ရှားပါးတဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါလိမ့်မယ်။

 Source: Free Tattoo Designs

မျက်နှာပေါ်မှာ တက်တူးထိုးပြီး ဒီဇိုင်းဖော်ဖို့အတွက်က တကယ့်ကိုမလွယ်ကူတဲ့ ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်။ နေ့စဉ်ရင်ဆိုင် ဖြတ်သန်းရမယ့် လူမှုဘ၀မှာ မျက်နှာကတက်တူးတွေကြောင့် ခက်ခဲတဲ့အချိန်တွေ ကြုံ ကောင်းကြုံလာနိုင်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ တကယ့်ကို မလွယ်ကူပါဘူး။