အမျိုးသမီးတွေဟာ သူတို့ရဲ့ချစ်သူ၊ ခင်ပွန်းအမျိုးသားတွေဆီကနေ လိုချင်တောင့်တနေတတ်တဲ့ အချက်တွေရှိပါတယ်။ ဒါတွေကို အမျိုးသားတွေအနေနဲ့ ကြိုတင်သိရှိထားနိုင်မယ်ဆိုရင်တော့ ပျော်ရွှင်စရာကောင်းတဲ့ Relationship တစ်ခုကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။ အရမ်းကြီးမားတဲ့အချက်တွေတော့ မဟုတ်ပါဘူး။

သစ္စာစောင့်သိမှု

Source: British GQ

အမျိုးသမီး ၈၄% က သူမတို့ချစ်သူ၊ ခင်ပွန်းတွေရဲ့ သစ္စာရှိမှုကို လိုလိုလားလားမျှော်လင့်တတ်ကြပါတယ်။ သစ္စာရှိတဲ့ယောက်ျားတစ်ယောက်ကို ချစ်ခင်မြတ်နိုးရခြင်းဟာ သူမတို့အတွက် မဟာအခွင့်ထူးကြီးကို ရရှိပိုင်ဆိုင်သကဲ့သို့ ထင်မြင်ယူဆတတ်ကြပါတယ်။

ယုံကြည်စိတ်ချမှု

Source: Shutterstock

ချစ်သူကောင်မလေးတွေ သူမတို့ရဲ့ချစ်သူတွေဆီက မျှော်လင့်တတ်ကြတဲ့အချက်တစ်ခုကတော့ ယုံကြည်စိတ်ချရမှုပဲဖြစ်ပါတယ်။ ကိုယ့်ချစ်သူဟာ ဘယ်နေရာကိုသွားသွား၊ ဘယ်သူနဲ့သွားသွား သူမတို့အပေါ်သစ္စာရှိရှိနဲ့ ချစ်နိုင်တယ်ဆိုတဲ့ယုံကြည်မှုကို လိုချင်ကြပါတယ်။ အမြဲစိတ်မချ၊ စိုးရိမ်နေရတဲ့ ချစ်သူကောင်လေးမျိုးကိုတော့ ဘယ်ကောင်မလေးကမှ အလိုရှိမှာမဟုတ်ပါဘူး။

ကတိတည်မှု

Source: edinstvenazanego.com

ကတိတည်တဲ့ယောက်ျားတွေကို မိန်းကလေးတွေက သဘောကျနှစ်ခြိုက်တတ်ကြပါတယ်။ ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တဲ့ ယောက်ျားလေးမျိုးကို ချစ်သူကောင်မလေးတွေက သည်းသည်းလှုပ်ချစ်တတ်ကြပါတယ်။

ကြင်နာတတ်မှု

Source: thoughtcatalog.com

ဒါကတော့ မိန်းကလေးတွေအလိုချင်ဆုံး အချက်တစ်ခုပဲဖြစ်ပါတယ်။ ချစ်သူကောင်လေးတွေဆီက ကြင်နာယုယမှုတွေကို အမြဲရရှိနေတဲ့မိန်းကလေးတွေဟာ ဘဝမှာကံအကောင်းဆုံး ကောင်မလေးတွေဖြစ်ပြီလို့ သူမတို့ကမှတ်ယူထားကြပါတယ်။