ညအချိန်မှာဖြစ်စေ၊ အားလပ်ရက်တွေမှာဖြစ်စေ အိမ်မှာ အပေါင်းအသင်း၊မိတ်ဆွေများနဲ့ ပျော်ရွှင်ဖွယ် ပါတီလေးတစ်ခုကို ကျင်းပဆင်နွှဲတော့မယ်လို့ စိတ်ကူးနေပါသလား။ ပါတီမှာ ကြုံတွေ့နိုင်တဲ့ အခက်အခဲတချို့ ကို ကြိုတင်လေ့လာသတိပြုမိဖို့တော့ လိုအပ်ပါတယ်။

အစားအသောက်များ မလုံလောက်ခြင်း

Source : Reason.com

ပါတီပွဲလေးတစ်ခု ကျင်းပတော့မယ်ဆိုရင် လာရောက်မယ့် ဧည့်သည်အရေအတွက်ကို သေချာ ဂရုပြု စစ်ဆေးသင့်ပါတယ်။ ပွဲတက်သူများနဲ့ ပွဲမှာ တည်ခင်းဧည့်ခံမည့် အစားအသောက်များ လုံလောက်မှုရှိစေဖို့ အထူးလိုအပ်ပါတယ်။ စားသောက်ဖွယ်ရာများ မလုံလောက်တဲ့အခါမှာ မလိုလားအပ်တဲ့ စိတ်ရှုပ်စရာတွေ ဖြစ်လာတတ်ပါတယ်။

နေရာထိုင်ခင်း ကျယ်ပြန့်မှု

Source : Soho

Home Party ပွဲတစ်ပွဲ ကျင်းပတဲ့အခါ ပွဲကျင်းပမည့် နေရာကို ဦးစွာအလေးထား ပြင်ဆင်သင့်ပါတယ်။ နေရာထိုင်ခင်းက ကျယ်ပြန့်မှုမရှိတာမျိုး၊ ပတ်ဝန်းကျင်မှာ သက်ကြီးရွယ်အိုနဲ့ ကလေးများ ရှိတာမျိုးဆိုလျင် မလိုလားအပ်သော စိတ်အနှောင့်အယှက်များ တွေ့လာနိုင်ပါတယ်။

မိတ်ဆွေအရင်းအချာများကို ဖိတ်ကြားရန်မေ့လျော့ခြင်း

Source: Bijou Wedding Venues

အထူးစီစဉ်ထားတဲ့ Home Party လေးတစ်ခုကို ကိုယ့်ရဲ့ အခင်ဆုံးမိတ်ဆွေ၊ အပေါင်းအသင်းတွေ အားလုံးကို တစ်ယောက်မကျန် ဖိတ်ကြားဖို့ လိုအပ်ပါတယ်။ ဖိတ်ကြားတဲ့အခါမှာ သေချာစွာ လူစာရင်းကို ရေးမှတ်ပြီး ဖိတ်သင့်ပါတယ်။ အကယ်၍ မိတ်ဆွေအရင်းအချာတစ်ဦးတစ်ယောက် ကျန်ခဲ့ပါက ပျော်စရာပွဲလေးမှ ၀မ်းနည်းဖွယ်ပွဲလေး ဖြစ်သွားနိုင်ပါတယ်။

အိမ်မွေးတိရိစ္ဆာန်လေးများကို သေချာစွာ ထိန်းသိမ်းထားခြင်း

Source: CertaPet

Home Party လေးတစ်ခုကျင်းပတော့မယ့် အိမ်မှာ အိမ်မွေးတိရိစ္ဆာန်လေးများ ရှိကောင်းရှိနိုင်ပါတယ်။ ချစ်စရာခွေးလေး၊ကြောင်လေးတွေဟာ ပါတီပွဲကြောင့် ကြောက်လန့်မှုတွေ ခံစားရနိုင်ပါတယ်။ ဒါ့အပြင် ပွဲတက်လာသူများကလည်း အိမ်မွေးတိရိစ္ဆာန်လေးများကြောင့် စိတ်အနှောင့်အယှက်များ ဖြစ်သွားနိုင်ပါတယ်။