ကြောင်လေးတွေရဲ့ ပွတ်သီးပွတ်သပ်လုပ်တတ်တာကို သဘောကျနှစ်ခြိုက်သူလား ။ ဒါမှမဟုတ် ကိုယ့်ကောင်မလေးက ကြောင်ချစ်သူတစ်ယောက်လား။  သူ့အိမ်မှာ ချစ်စရာကြောင်လေးတွေ အများကြီးရှိနေပြီး ကြောင်ချစ်သူတစ်ယောက်ဆိုရင်တော့ ကြောင်လေးတွေအကြောင်း သိထားသင့်ပါတယ်။

ကြောင်လေးတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြုချိန်

Source: videos.usatoday.net

ကြောင်လေးတွေကို ဟိုးအရင်ကတည်းက အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူခဲ့ကြပါတယ်။ ဘယ်အချိန်ကတည်းကလည်းဆိုတော့ အီဂျစ် ဖာရိုဘုရင်လက်ထက်မတိုင်ခင် ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ဘီစီအားဖြင့် ၃၆၀၀ ဘီစီခန့်ကတည်းက ကြောင်လေးတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူခဲ့ကြပါတယ်။

ကြောင်လေးတွေရဲ့ မှတ်ဥာဏ်

Source: images.china.cn

ကြောင်လေးတွေက ခွေးတွေထက် IQ နိမ့်တယ်ဆိုပေမယ့် တခါမြင်ဖူးလိုက်တဲ့အရာတွေကို မှတ်မိတဲ့ နေရာမှာ သူတို့က ပိုသာပါတယ်။ ဒါတင်မက အခက်အခဲတွေကို ဖြေရှင်းရာမှာလည်း ခွေးတွေထက် ကြောင်တွေက စွမ်းရည်ပိုသာပါတယ်။ ကြောင်လေးတွေရဲ့ မှတ်ဥာဏ်ထဲမှာ သိုလှောင်ထားတဲ့ အချက်အလက်တွေက iPad storage ထဲက ဒေတာတွေထက် အဆတစ်ထောင် ပိုများပါတယ်။

အာကာသထဲ ရောက်ဖူးတဲ့ကြောင်

Source: a57.foxnews.com

ထူးထူးခြားခြား အာကာသထဲကို ကြောင်လေးတစ်ကောင် ရောက်ဖူးခဲ့ပါတယ်။ အာကာသထဲကို ပထမဆုံး ရောက်ခဲ့ဖူးတဲ့ ကြောင်ကလေးကတော့ ပြင်သစ်နိုင်ငံက ဖြစ်ပါတယ်။ ကြောင်မလေးတစ်ကောင်ပါ။ အမည်က Felicette ဖြစ်ပြီးတော့ ကမ္ဘာမြေပေါ် အသက်ရှင်လျက် ပြန်ရောက်လာခဲ့ပါတယ်။

အီဂျစ်လူမျိုးတွေ နဲ့ ကြောင်တွေ

Source: steemitimages.com

ဟိုးရှေးခေတ်က အီဂျစ်လူမျိုးတွေဟာ သူတို့ရဲ့ ကြောင်လေးတွေကို အရမ်း ချစ်ကြပါတယ်။ ရှေးခေတ် အီဂျစ်လူမျိုးတွေဟာ သူတို့အိမ်မှာ မွေးထားတဲ့ အိမ်မွေးကြောင်လေးတစ်ကောင် သေဆုံးသွားပြီဆိုရင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ အိမ်ရှိ မိသားစုဝင်တွေအားလုံး မျက်ခုံးမွေးတွေ ရိတ်ပစ်လိုက်ကြပါတယ်။