ကြောင်လေးတွေအကြောင်း အပိုင်း ၁ မှာ ကြောင်လေးတွေနဲ့ ပတ်သက်တဲ့ ထူးထူးခြားခြားအကြောင်းအရာလေးတွေ ဝေမျှပေးခဲ့ပြီးဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ကြောင်လေးတွေရဲ့ စွမ်းရည်နဲ့ အမူအယာအကြောင်းလေးတွေကို ထပ်ပြီး သိရှိခံစားရမှာဖြစ်ပါတယ်။ ကိုယ့်ကောင်မလေးကိုလည်း ကိုယ်သိတဲ့ ကြောင်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ ဝေမျှနိုင်တော့ ကိုယ့်အတွက် အမှတ်ပိုတက်ပြီပေါ့။

အမည်းရောင် ကြောင်လေးတွေအကြောင်း

Source: static.boredpanda.com

အမည်းရောင် ကြောင်လေးတွေက ကံဆိုးတယ်လို့ လူအများက မှတ်ယူထားကြပါတယ်။ အမည်းရောင် ကြောင်ကလေးတွေကို လမ်းမှာတွေ့ရင် ၊ အမှတ်တမဲ့ဆုံမိရင် ၊ အမည်းရောင်ကြောင်မွေးထားရင် မကောင်းတဲ့ နိမိတ်တစ်ခုသဖွယ် လူတွေက ပြောဆိုတတ်ကြပါတယ်။ ဒါပေမယ့် သြစတြီးယား နဲ့ ယူကေတို့မှာတော့ အမည်းရောင် ကြောင်လေးတွေကို ကံကောင်းစေတယ်လို့ မှတ်ယူထားကြပါတယ်။

ကြောင်လေးတွေရဲ့ အရသာခံနိုင်စွမ်းရည်

Source: i.kinja-img.com

ကြောင်လေးတွေဟာ အစုံစားသတ္တဝါလို့ ပြောရလောက်အောင် အစားစုံကြပါတယ်။ ဒါပေမယ့် မယုံနိုင်စရာကောင်းလောက်တဲ့ အရာတစ်ခုလည်းရှိနေပါသေးတယ်။ အဲဒါကတော့ ကြောင်လေးတွေဟာ ချိုတဲ့အရသာကို ခံစားသိရှိနိုင်ခြင်းမရှိပါဘူးတဲ့။

ကြောင်လေးတွေရဲ့ အားသန်မှု

Source: sites.psu.edu

ကြောင်တွေရဲ့ အားသန်မှုကလည်း အထီးနဲ့ အမ အလိုက် ကွဲပြားခြားနားမှုတွေ ရှိနေပြန်ပါသေးတယ်။ ကြောင်မလေးတွေက များသော အားဖြင့် ညာသန်လေးတွေ ဖြစ်ပါတယ်။ ဘယ်သန်အများစုကတော့ လေ့လာတွေ့ရှိချက်တွေအရ အထီးကလေးတွေပါ။

ပွတ်သီးပွတ်သပ်အမူအယာ

Source: i.pinimg.com

ကြောင်လေးတွေ ပွတ်သီးပွတ်သပ် အမြဲ လုပ်တတ်ကြတာကို သိကြမှာပါ။ အများစုကတော့ ဒါကို ချွဲတယ်လို့ ထင်ကြပါတယ်။ တကယ်တော့ ကြောင်လေးတွေ ပွတ်သီးပွတ်သပ်လုပ်တယ်ဆိုတာ သခင်ကို မှတ်မိနေအောင် သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ပွတ်သပ်နေကြတာဖြစ်ပါတယ်။