ကဲ…ခုတော့ ကြောင်လေးတွေအကြောင်း နောက်ဆုံးအပိုင်းကို ရောက်ရှိလာပါပြီ။ ကြောင်ကလေးတွေရဲ့ ချစ်စရာအမူအယာနဲ့အတူ ကြောင်လေးတွေရဲ့ ချစ်စဖွယ် စွမ်းပကားတွေက အံ့အားသင့်စရာကောင်းပါတယ်။ ဒါ့ပြင် ကြောင်လေးတွေမှာ ဘယ်လိုစိတ်ဝင်စားစ၇ာကောင်းတဲ့ အချက်တွေ ပိုင်ဆိုင်ထားသေးလဲဆိုတာ ဆက်ဖတ်ရှူကြည့်ကြပါဦး။ ပြီးရင် ကောင်မလေးကို ကိုယ်သိထားတဲ့ ကြောင်လေးတွေရဲ့အကြောင်းကို ပြန်ပြောပြပြီး သူ့အချစ်တွေ ပိုရအောင် လုပ်လိုက်ဦးနော်။

ကြောင်လေးတွေရဲ့နားရွက်အကြောင်း

Source: static1.squarespace.com

ကြောင်လေးတွေရဲ့ နားရွက်တွေဟာလည်း ထူးခြားတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြောင်လေးတွေဟာ သူတို့ရဲ့ နားရွက်တွေကို ၁၈၀ ဒီဂရီအထိ လှည့်နိုင်ကြလို့ပါပဲ။

အံ့သြဖွယ် ကြောင်ကလေးတွေ

Source: static.independent.co.uk

ကြောင်လေးတွေမှာ နောက်ထပ် အံ့အားသင့်ဖွယ် စွမ်းရည်တွေ ပိုင်ဆိုင်ထားကြပါသေးတယ်။ အဲဒီ စွမ်းရည်ကတော့ သေစေနိုင်တဲ့ အမြင့်ကနေ ပြုတ်ကျရင်တောင် အသက်ရှင်နေနိုင်တာပါပဲ။ ကြောင်တစ်ကောင်ဟာ အမြင့် မီတာ ၃၂၀ ကနေ ပြုတ်ကျရင်တောင်မှ အသက်ရှင်နိုင်တဲ့ အံ့အားသင့်ဖွယ် စွမ်းအားရှင်တွေပါ။

အသံပေါင်းမျိုးစုံလုပ်နိုင်တဲ့ ကြောင်လေးတွေ

Source: royalcanin.in

ကြောင်လေးတွေဟာ အသံပေါင်းမြောက်မြားစွာလည်း ပြုလုပ်နိုင်စွမ်းရှိကြပါသေးတယ်။ ခွေးကလေးတွေက မတူညီတဲ့ အသံပေါင်း ၁၀ မျိုးခန့်သာ ပြုလုပ်နိုင်ကြပါတယ်။ ကြောင်လေးတွေကတော့ အမျိုးပေါင်း ရာကျော် ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။

ကြောင်လေးတွေရဲ့ ဦးနှောက်

Source: kmart.com.au

ကြောင်လေးတွေဟာ ဥာဏ်ရည်မြင့်မားတဲ့ တိရစ္ဆာန် ထဲမှာ ပါဝင်ပါတယ်။ အရမ်း ဥာဏ်ကောင်းလွန်းပြီး လူတွေရဲ့ မျက်နှာရိပ်မျက်နှာကဲတွေကို လိုက်ကြည့်နိုင်စွမ်းရှိတဲ့ ခွေးကလေးတွေထက်တောင် ကြောင်လေးတွေက ပိုဥာဏ်ကောင်းပါတယ်။ ကြောင်လေးတွေရဲ့ ဦးနှောက်ဟာ လူတွေရဲ့ ဦးနှောက်နဲ့ ၉၀ ရာခိုင်နှုန်းလောက်အောင်ကို ပိုတူပါတယ်။

ကြောင်ပိုင်ရှင်အမျိုးသားတွေအတွက် သတင်းကောင်း

Source: 2.bp.blogspot.com

ကြောင်ပိုင်ရှင်တွေဟာ ခွေးပိုင်ရှင်တွေထက်ကို တိရစ္ဆာန်နဲ့ပတ်သက်တဲ့ အတွေ့အကြုံမှာ ပိုများပါတယ်။ နောက်ထပ် ကြောင်ပိုင်ရှင် အမျိုးသားတို့အတွက် သတင်းကောင်းကတော့ ကြောင်ပိုင်ရှင်က အမျိုးသားဖြစ်နေခဲ့မယ်ဆိုရင် အချစ်ရေးမှာ ကံကောင်းစေတတ်တယ်လို့ သိရပါတယ်။