အနုပညာရှင်ပဲဖြစ်ဖြစ်၊ အဆိုတော်တွေပဲဖြစ်ဖြစ် သူတို့ရဲ့ ပရိသတ်တွေနဲ့ အဓိကထိတွေ့နေရတဲ့နေရာက ရုပ်ရှင်တွေ သီချင်း Album တွေထက် Social Media ဆိုရင်လည်း မမှားပါဘူး။ အခုအချိန်ဟာ အင်တာနက်နဲ့ Social Media ကို အသုံးပြုသူတွေအလွန်များပြားလာတာနဲ့အမျှ အနုပညာရှင်တွေနဲ့ ပရိသတ်တွေ ထိတွေ့ဖို့ကလည်း Social Media တွေအပေါ်ကို ရောက်ရှိလာပါတော့တယ်။
ဒါပေမယ့်လည်း Social Media ကို လုံးဝမသုံးတဲ့ အနုပညာရှင်တွေရှိနေတယ်ဆိုရင် သင်ယုံပါ့မလား? အခုပြောပြသွားမယ့် အဆိုတော်တွေကတော့ နာမည်ကြီးတွေလည်းပါဝင်ပြီးတော့ Social Media ကို အသုံးမပြုတဲ့သူတွေပဲဖြစ်ပါတယ်။
1. Selena Gomez
Source: harpersbazaar.com
Selena Gomez က Social Media မသုံးဘူးဆိုတာက ပြောရရင် အဓိပ္ပါယ်မရှိသလိုဖြစ်နေမှာပါ။ ဘာကြောင့်လဲဆိုရင် သူမဟာ Instagram မှာ Follower အများဆုံးသူဖြစ်နေတာကြောင့်ပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ Vogue Magazine ကနေ ပြုလုပ်ခဲ့တဲ့ Interview တစ်ခုမှာ Selena ကနေ သူမဟာ Instagram မှာ Follower အများဆုံးသူတစ်ယောက်ဖြစ်လာတဲ့အတွက် စိတ်စွဲသလိုဖြစ်လာပြီးတော့ အနားပေးခဲ့တာဖစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Source: harpersbazaar.com
လက်ရှိအချိန်မှာ Selena ဟာ ဖုန်းထဲမှာ အင်တာနက်မသုံး၊ Application တွေအသုံးပြုခြင်းမရှိတဲ့အပြင် Peak လို့ခေါ်တဲ့ Brain Game တစ်ခုပဲ သွင်းထားတာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် Selena ရဲ့ သူငယ်ချင်းတွေပြောကြားချက်အရတော့ တခါတလေမှာ Selena ကနေ သူမရဲ့ သူငယ်ချင်းတွေဆီကနေ Instagram ကို ယူသုံးတတ်တယ်လို့ သိရပါတယ်။
2. Miley Cyrus
Source: harpersbazaar.com
Pop အဆိုတော်မလေး Miley ကလည်း သူမရဲ့ Twitter နဲ့ Instagram Account ၂ ခုစလုံးကို အသုံးပြုခြင်းမရှိပါဘူး။ Twitter ဟာ အနောက်ပိုင်းမှာ အသုံးများတဲ့ Social Network တစ်ခုဖြစ်ပေမယ့် လုံးဝအသုံးပြုခြင်းမရှိခဲ့သလို Instagram Profile တစ်ခုလုံးကိုလည်း ဖျက်ချခဲ့တာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတာကိုပြောကြားခြင်းမရှိခဲ့ပေမယ့် ပရိသတ်တွေကတော့ အာရုံစိုက်ချင်တဲ့အတွက်ကြောင့် အခုလို Social Media အသုံးပြုမှုကို ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။
3. Ed Sheeran
Source: harpersbazaar.com
Ed Sheeran ဟာ Instagram ရော၊ Twitter ရော အသုံးပြုတဲ့အဆိုတော်တစ်ယောက်ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းကတော့ Album အတွက် အချိန်ပေးချင်တဲ့အတွက်ကြောင့် ဖုန်းတွေ၊ Email တွေနဲ့ ရှိသမျှ Social Media တွေအကုန်လုံးကို မသုံးတော့ဘဲ နေခဲ့ဖူးပါတယ်။ ဒါပေမယ့် တတိယမြောက် “+” Album ထွက်ရှိပြီးနောက်မှာတော့ Social Media ပေါ်ကို ပြန်ရောက်လာပါတယ်။
4. Coldplay
Source: harpersbazaar.com
Coldplay အဖွဲ့ဟာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြတဲ့ Music Band တစ်ခုဖြစ်ပေမယ့် Social Media မှာ မရှိတော့တာက လွန်ခဲ့တဲ့ နိုဝင်ဘာလ ၂၀၁၇ ထဲက ဖြစ်ပါတယ်။ အဆိုပါ အချိန်ဟာ သူတို့ရဲ့ “A Head Full of Dreams Tour” ပြီးဆုံးသွားတဲ့အချိန်ဖြစ်ပြီးတော့ Facebook မှာ “God bless you all” လို့ ရေးသားပြီး ပျောက်ကွယ်သွားတာဖြစ်ပါတယ်။